သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမုန်းပွားရေးလှုံဆော်မှုတွေကို ဘာကြောင့် အရေးမယူနိုင်လဲ (တိုက်ရိုက်လေလှိုင်း)


Myanmar Mopsque
Myanmar Mopsque

မြန်မာဗုဒ္ဓဘာသာဝင်တွေ အမွန်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့မှာ ရွှေတံဂုံစေတီရင်း ငုံးဥရောင်းတဲ့ မွတ်ဆလင်ဈေးသည်ကို အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ သံဃာအချို့ ဈေးမရောင်းဖို့ တားမြစ် မောင်းထုတ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် လူမှုကွန်ယက်တွေအပေါ် အတော်လေး ငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်ဟာ အခုတကြိမ်မှာ စ ဖြစ်ခဲ့တာမဟုတ်ပါဘူး။ ဒီလို အကြိမ်ကြိမ်ဖြစ်နေတဲ့ ပြဿနာမျိုးကို ဘာကြောင့် မရှောင်လွဲှနိုင်တာပါလဲ၊ အစိုးရအာဏာပိုင်တွေဖက်က အရေးယူကိုင်တွယ်ဖို့ လစ်ဟာချက်များရှိပါသလား။ အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် လွှတ်တော်အမတ် ဦးနေုဘုန်းလတ်နဲ့ လူငယ်နှင့်လူမှုသဟာဇာတဖြစ်ရေး စင်တာ အမှုဆောင်ဒါရိုက်တာ ဦးသက်ဆွေဝင်းတို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG