သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်ရေဘေး လူအများအပြား သေကြေ ပျောက်ဆုံး


ရေကြီးနေတဲ့ ဗီယက်နမ်မြောက်ပိုင်းဒေသ (အောက်တိုဘာ ၂၀၁၇)

ဗီယက်နမ် နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်း တောင်ထူထပ်တဲ့ ခရိုင်တွေမှာ ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် သေဆုံးသူ ၆၀ ရှိသွားပြီဖြစ်ပါတယ်။ အခုထိ ပျောက်ဆုံး နေသူက ၃၇ ဦးရှိပါတယ်။

စနေနေ့မှာ ဗီယက်နမ် နိုင်ငံ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဆိုင်ရာ ဗဟိုကော်မတီက သေဆုံးပျောက်ဆုံးသူ အရေအတွက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ မြောက်ပိုင်း က Hoa Binh ခရိုင်မှာ အဆိုးဝါးဆုံး ခံစားခဲ့ရသလို သေဆုံးသူ ၂၀ နဲ့ ပျောက်ဆုံးသူက ၁၃ ဦး ရှိနေတာပါ။

တချိန်ထဲမှာပဲ တိုင်ဖုန်း မုန်တိုင်း Khanun ဟာ အခုအခါမှာ အရှေ့ပင်လယ်ပြင် ထဲမှာ တိုက်ခတ်နေပြီး အဲဒီဒေသအတွက် အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Quang Ninh ခရိုင်ကနေ Phu Yen ခရိုင်အကြား ကမ်းရိုးတန်းဒေသ တလျှောက် ကမ်းရိုတန်းစောင့် တပ်တွေ ချထားပြီး အဲဒီဒေသတွင် ရေယာဉ် ၆ သောင်း ၂ ထောင်ကျော် အတွက် လုံခြုံရေးကို တာဝန်ယူနေပါတယ်။

ဗီယက်နမ်ရေဘေး လူအများအပြားသေကြေပျောက်ဆုံး
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG