သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကို အရေးယူဖို့ ကန် လွှတ်တော်အမတ်တွေ တိုက်တွန်း


မြို့တော် ဝါရှင်တန်က အမေရိကန်လွှတ်တော ်အဆောက်အအုံ (နိုဝင်ဘာ ၂၀၁၂)
မြို့တော် ဝါရှင်တန်က အမေရိကန်လွှတ်တော ်အဆောက်အအုံ (နိုဝင်ဘာ ၂၀၁၂)

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ ပါတီ ၂ ရပ်စလုံးကပါတဲ့ အမေရိကန်လွှတ်တော်အမတ် ၂၀ ကျော်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်အထက်လွှတ်တော်က ရီပတ်ဘလစ်ကန်အမတ် Todd Young ၊ ဒီမိုကရက်အထက်လွှတ်တော်အမတ် Jeff Marley အပါအဝင် အထက်လွှတ်တော်နိုင်ငံခြား ဆက်ဆံရေးကော်မတီဝင်တွေ ဦးဆောင်ပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်နေတာတွေနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ဆီကို ပါတီ ၂ ရပ်ပူးပေါင်းပြီး စာရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် ၂၁ ယောက်လက်မှတ်ရေးထိုးထားတဲ့ အဲဒီစာထဲမှာတော့ မြန်မာစစ်တပ်ဘက်က ရွာတွေကို စနစ်တကျမီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာတွေကြောင့် ရိုဟင်ဂျာမွတ်စလင် ၅ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းဝယ်လွှဲပြောင်းတာတွေ မလုပ်ဖို့ နဲ့ တခြားအရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ တောင်းဆိုထားသလို၊ မြန်မာစစ်တပ်အနေနဲ့လည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တာတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်မှာအပြည့်အဝတာဝန်ရှိပြီး၊ ဒီကိစ္စမှာ ကမ္ဘာကလက်ပိုက်ကြည့်မနေ့ဖို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သလို၊ အောက်လွှတ်တော်အမတ် ၄၀ ကျော်ကမြန်မာစစ်တပ်အပေါ်မှာ ပစ်မှတ်ထားအရေးယူဖို့ အမေရိကန်အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG