သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားသံတမန် မြန်မာ ပြည်နှင်ဒဏ်ပေး


မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တိုးမြှင့်ဖို့ လုံခြုံရေးကောင်စီ ဆွေးနွေးနေစဉ် (မတ် ၂၀၁၃)
မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တိုးမြှင့်ဖို့ လုံခြုံရေးကောင်စီ ဆွေးနွေးနေစဉ် (မတ် ၂၀၁၃)

ရန်ကုန် မြောက်ကိုရီးယားသံရုံးမှာ ဒုတိယအတွင်းဝန် တာဝန်ယူခဲ့တဲ့ Kim Chol Nam ကို မြန်မာအစိုးရက ပြည်နှင်ဒဏ် ပေးခဲ့တဲ့အကြောင်း ဒီကနေ့ တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြထားပါတယ်။

Kim ဟာ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဒဏ်ခတ်ပိတ်ဆို့မှု ကော်မတီရဲ့ စာရင်းထဲမှာရှိနေတဲ့ ကုမ္ပဏီတခုနဲ့ ပတ်သက်နေတာကြောင့် ဒီအပေါ်မှာ မြန်မာအစိုးရက ပြည်နှင်ဒဏ် ပေးလိုက်တာဖြစ်တယ်လို့ ကော်မတီရဲ့ အင်တာနက်ဝက်ဆိုက်ပေါ်က အစီရင်ခံစာကို ကိုးကားပြီး တောင်ကိုရီးယား သတင်းတွေမှာ ဖော်ပြထားတာပါ။

Kim ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပိတ်ဆို့ဒဏ်ခတ်စာရင်းထဲမှာ ပါတဲ့ ကိုရီးယား သတ္ထုလုပ်ငန်း ကုန်သွယ်ရေး ကော်ပိုရေးရှင်းမှာ ပါဝင်ပတ်သက်နေသူလို့ ဆိုပါတယ်။ ဒီကုမ္ပဏီကိုတော့ ပဲ့ထိန်းဒုံးကျည်နဲ့ သမရိုးကျလက်နက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ တင်ပို့ရောင်းချမှုနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၀၉ ခုနှစ်ကစလို့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာ ထည့်သွင်းထားတာပါ။

Kim ကို မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ဧပြီလထဲမှာ အမိန့် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဇွန်လထဲမှာပဲ Kim နဲ့အတူ မိသားစု ထွက်သွားခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ အရင်စစ်အစိုးရတွေလက်ထက်က မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး၊ အထူးသဖြင့် စစ်ရေး ဆက်ဆံမှုတွေ နီးနီးကပ်ကပ် ရှိခဲ့ပေမဲ့၊ အခု အစိုးရသစ်လက်ထက်မှာတော့ စစ်ရေးဆက်ဆံရေးသစ် မရှိတော့တဲ့အကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG