သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရမ့် အာရှခရီးစဉ် မြောက်ကိုရီးယားအရေး ဦးစားပေးနိုင်ဟု သုံးသပ်


အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (သြဂုတ် ၂၀၁၇)
အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (သြဂုတ် ၂၀၁၇)

အမေရိကန်သမ္မတ Donald Trump ရာထူးတက်စတုန်းက ဦးဆုံး TPP လို့ ခေါ်တဲ့ ပစိဖိတ်ရပ်ဝန်းဒေသ ကုန်သွယ်ရေးသဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပေမယ့် အခု သမ္မတ Trump ရဲ့ အာရှခရီးစဉ်ကြောင့် သမ္မတ သက်တမ်း ၉ လကြာလာတဲ့အချိန်မှာ အာရှနိုင်ငံတွေအပေါ် အလေးထားဆက်ဆံတဲ့ မူဝါဒဖက် ဦးတည်လာပြီလားလို့ မေးခွန်းထုတ်လာကြပါတယ်။

သမ္မတ Trump ရဲ့ အာရှခရီးစဉ်က မြောက်ကိုရီးယားအရေးကို အဓိကထားဆောင်ရွက်မယ်လို့ သုံးသပ်ကြပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဆိုင်းဒုံးအစီအစဉ်တွေ ရပ်တန့်အောင် တရုတ်ကို ဖိအားပေးနိုင်ဖို့ သမ္မတ Trump မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ ၁၂ ရက်ကြာ အာရှခရီးစဉ်ကို နောက်သီတင်းပတ်မှာ စတင်မှာ ဖြစ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေကို သွားမှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် ASEAN ထိပ်သီးညီလာခံကို သမ္မတ Trump တက်ရောက်မှာ ဖြစ်ပေမယ့် အရှေ့တောင်အာရှနိုင်ငံတွေအကြောင်း အဓိကထားဆွေးနွေးတဲ့ နှစ်စဉ် အရှေ့အာရှထိပ်သီးညီလာခံမတိုင်ခင်တစ်ရက်မှာ အမေရိကန်ကို ပြန်မယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒါဟာ အရှေ့တောင်အာရှအရေး သမ္မတ Trump ဦးစားပေးမစဉ်းစားဘူးဆိုတဲ့အသွင် ဆောင်နိုင်ကြောင်း ပင်တဂွန် အရှေ့အာရှဆိုင်ရာ အကြီးအကဲဟောင်း Abraham Denmark က ပြောပါတယ်။

ထရမ့်အာရှခရီးစဉ် မြောက်ကိုရီးယားအရေးဦးစားပေးနိုင်ဟုသုံးသပ်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG