သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ရုရှားစွက်ဖက်မှု ပထမဆုံးစွဲချက် ကန်အထူးခုံရုံး အတည်ပြု


အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller (သြဂုတ် ၂၀၁၃)
အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller (သြဂုတ် ၂၀၁၃)

အမေရိကန်ပြည်ထောင်စု အထူးခုံးရုံးက ပြီးခဲ့တဲ့အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားရဲ့ သြဇာလွှမ်းမိုးမှု နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအတွင်း ပထမဆုံးစွဲချက်တွေကို အတည်ပြုလိုက်ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုကို အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ဦးဆောင်တာဖြစ်ပါတယ်။

ချိတ်ပိတ်ထားတဲ့ စွဲချက်တွေကို တင်သွင်းလိုက်တာနဲ့ ပတ်သက်ပြီး သောကြာနေ့နှောင်းပိုင်းမှာ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ အထူးခုံရုံးက စွဲချက်တွေကို အတည်ပြုလိုက်တာနဲ့ ပတ်သက်ပြီး CNN သတင်းဌာနက ပထမဆုံး သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ စွဲချက်တင်ခံရတဲ့ ဘယ်သူမဆို အစောဆုံးတနင်္လာနေ့က စပြီး ဖမ်းဆီးထိန်းသိမ်းခံရမှာဖြစ်တယ်လို့လို့ ဆိုထားပါတယ်။ ဘယ်လိုစွဲချက်တွေနဲ့ စွဲဆိုထားတယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး CNN သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့တာမှာတော့ အထူးစုံစမ်းဆေးရေးမှူး Robert Mueller ရုံးပြောခွင့်ရက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

Robert Mueller ရဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အတူလုပ်နေတဲ့ ရှေ့နေတွေဟာ ဝါရှင်တန်ဒီစီမှာရှိတဲ့ ပြည်ထောင်စုတရားရုံးထဲကို သောကြာနေ့က ဝင်သွားတာကိုတွေ့ခဲ့၇တယ်လို့ CNN က ဆိုပါတယ်။ Robert Mueller ကတော့ ဒီစုံစမ်းစစ်ဆေးမှုနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်နေတာဖြစ်ပါတယ်။

FBI အကြီးအကဲဟောင်း Jame Comey ကို ရာထူးကနေ ဖယ်ရှားလိုက်ပြီးသိပ်မကြာခင်မှာပဲ၊ ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတထရမ့်အနိုင်ရဖို့အတွက် ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေရှိမရှိဆိုတာကို စုံစမ်းစစ်ဆေးဖို့အတွက် Robert Mueller ကို ပြီးခဲ့တဲ့မေလက အထူူးစုံစမ်းစစ်ဆေးရေးမှူး အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG