အုပ်ချုပ်ရေးအဆင့်ဆင့်ရဲ့ အခြေခံအကျဆုံး ရပ်/ကျေးအုပ်ချုပ်ရေးမှုးများ ရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းမှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ NLD အစိုးရလက်ထက် ပထမဆုံးအကြိမ် ကျင်းပမယ့် ရပ်/ကျေး အုပ်ချုပ်ရေးမှုးများ ရွေးကောက်ပွဲတွေဟာ လက်ရှိ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဘယ်လောက်အထိ အရေးပါသလဲ၊ ဒီ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး လူထုမှာ ဘယ်လောက်အထိ နားလည်သဘောပေါက်မှုရှိထားပါသလဲ၊ အင်္ဂါနေ့ ညပိုင်းတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
Action Committee for Democracy Development က မသင်ဇာရွှန်းလဲ့ရည်နဲ့ ရန်ကုန်တိုင်းလွှတ်တော်က မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်တို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။