သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အမေရိကန်မူဝါဒ သုံးသပ်ချက် (တိုက်ရိုက်လေလှိုင်း)


Myanmar US

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ အခုဒီ သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုအပေါ် အမေရိကန်ရဲ့ အားပေးထောက်ခံမှုပြသမှာဖြစ်သလို ရခိုင်မြောက်ပိုင်းအကြပ်အတည်းနဲ့ပတ်သက်လို့လည်း မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးဖွယ်ရှိနေပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ ရပ်တည်ပြောဆိုချက် အထူးသဖြင့်တော့ လတ်တလော ကြုံတွေ့နေရတဲ့ ရခိုင်အရေးနဲ့ မြန်မာစစ်တပ်နဲ့ဆက်ဆံရေး . စသဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာ့နိုင်ငံအပေါ် ရပ်တည်ချက်မူဝါဒဆိုင်ရာအပေါ် အင်္ဂါနေ့ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနဲ့ မြန်မာ သတင်းပညာသိပ္ပံကျောင်းက ဦးစိန်ဝင်းတို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG