သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့်ရှ်ရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ အိမ်ရှင်နိုင်ငံခြားရေးဝန်ကြီးတွေဆုံ


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရောက်ရှိနေပြီး ဒီကနေ့ စနေနေ့မှာပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ Mr. Wang ဟာ ဒီစနေ တနင်္ဂနွေမှာ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံတို့ကို သွားရောက်ပြီး တရုတ်နဲ့ ဒီနိုင်ငံတွေ ၂ နိုင်ငံ ကုန်သွယ်ရေး အပြင် ဒေသတွင်း စိုးရိမ်စရာ အနေအထားတွေနဲ့ ပတ်သတ်ပြီး အပြန်အလှန် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဒီခရီးမစခင် လေဆိပ်မှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံအနောက်ခြမ်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲံ သြဂုတ်လ ကုန်ပိုင်းကစလို့ လူ့အသိုင်းအဝိုင်း ၂ ခု ကြား ပဋိပက္ခတွေ တကျော့ပြန် ဖြစ်ပွားပြီး မြန်မာစစ်တပ်က အင်အားသုံးကိုင်တွယ်တာကြောင့် ရိုဟင်ဂျာ မူစလင် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်အစိုးရအဆို မြန်မာအစိုးရရဲ့ ဒေသတွင်း တည်ငြိမ်မှုရရှိရေး လုပ်ဆောင်ပုံကို တရုတ်အစိုးရက ထောက်ခံပါကြောင်း Mr. Wang က ပြောသွားပါတယ်။

တနင်္လာနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့နဲ့ အင်္ဂါနေ့ နိုဝင်ဘာလ ၂၁ ရက်တို့မှာတော့ Mr. Wang က မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပမယ့် ASEM အာရှနဲ့ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သတ်ပြီး ထည့်ဆွေးနွေးဖို့ ရှိမရှိကိုတော့ Mr. Wang ဘာမှ ပြောမသွားပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG