သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတမူဂါဘီ ရာထူးကနှုတ်ထွက်ပေးဖို့ ဇင်ဘာဘွေ လူထုဆန္ဒပြတောင်းဆို


Mugabe ရာထူးက နှုတ်ထွက်ဖို့ ဆန္ဒပြနေစဉ် (နိုဝင်ဘာ ၁၈၊ ၂၀၁၇)
Mugabe ရာထူးက နှုတ်ထွက်ဖို့ ဆန္ဒပြနေစဉ် (နိုဝင်ဘာ ၁၈၊ ၂၀၁၇)

ဇင်ဘာဘွေနိုင်ငံ Hararae မြို့တော်နဲ့ နိုင်ငံတလွှား တခြားမြို့အသီးသီးမှာ ဒီကနေ့ စနေနေ့က ဆန္ဒပြသူတွေစုဝေးပြီး သမ္မတ Robert Mugabe ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

Mr. Mugabe နိုင်ငံကို ၃၇ နှစ် အုပ်ချုပ်လာတဲ့ သမ္မတ ရာထူးက ဆင်းပေးဖို့ စစ်တပ်ရော၊ သူ့ရဲ့ ZANU-PF ပါတီဝင်တွေကရော နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကပါ တောင်းဆိုနေတာကို သူက ငြင်းဆိုနေတာ ဖြစ်ပါတယ်။

သမ္မတ Mugabe က ၁၉၈၀ မှာ Zimbabwe နိုင်ငံ ဗြိတိသျှလက်အောက်က လွတ်မြောက်ပြီး နိုင်ငံ လွတ်လပ်ရေး စရ ကတည်းက နိုင်ငံကို အုပ်ချုပ်လာတဲ့ တဦးတည်းသော သမ္မတ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ စစ်တပ်က နိုင်ငံရဲ့ အရေးကြီးတဲ့ ဌာနတွေကို ထိန်းချုပ်လိုက်ပြီး သမ္မတ Mugabe ကိုတော့ နေအိမ်အကျယ်ချုပ်ချထားလိုက်တာပါ။

စစ်တပ်အဆို သမ္မတကို ထောက်ခံတဲ့ သူခိုးတွေဖြစ်ကြတဲ့ ပါမောက္ခ Jonathan Moyo၊ ပြည်ထဲရေးဝန်ကြီး Ignatius Chombo၊ အစိုးရဝန်ကြီး Saviour Kasukuwere၊ ZANU-PF လူငယ်အဖွဲ့ချုပ် အတွင်းရေးမှူး Kudzanayi Chipanga နဲ့ တခြား အများအပြားကိုလည်း ထိန်းသိမ်းထားလိုက် ပါတယ်။ အခုလို စစ်တပ်ထဲမှာ ဖမ်းခံထားရသူတွေဟာ Mr. Mugabe က သူ့ရဲ့ ဇနီးဖြစ်သူ Grace Mugabe ကို ဒုသမ္မတနေရာ ခန့်ထားဖို့ ထောက်ခံတဲ့ ZANU-PF ပါတီထဲက တချို့ဖြစ်တယ်လို့ ဆိုပါတယ်။

Mr. Mugabe က သူနဲ့ နှစ်ရှည်လများလက်တွဲလာတဲ့ ဒု သမ္မတ Emmerson Mnangagwa ကို ဒီလ ၁၅ ရက်နေ့ကပဲ ရာထူးက ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ သမ္မတ Mugabe ဟာ နေအိမ်အကျယ်ချုပ် ချခံရပြီးနောက် ပထမဆုံးအကြိမ် အဖြစ် သောကြာနေ့ကပဲ လူမြင်ကွင်းကို ထွက်လာပြီး ဘွဲ့နှင်းသဘင် အခန်းအနားတခုကို တက်ရောက်ခဲ့ပါတယ်။

အပြာနဲ့ အဝါရောင် ဘွဲ့ဝတ်စုံ ဝတ်ဆင်တဲ့ Mr. Mugabe က ကျောင်းသားတထောင်ကျော် တက်ရောက်တဲ့ ဘွဲ့နှင်းသဘင်ကို နယာကလုပ် ကျင်းပပေးခဲ့တာပါ။ သူ့ကိုကြည့်ရတာတော့ နွမ်းနယ်နေပုံရပြီး တချက်တချက် ငိုက်သွားတာလည်း တွေ့ရပါတယ်။ နိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ပတ်သတ်ပြီးတော့တော့ ဘာမှ ပြောမသွားခဲ့ပါဘူးရှင်။

သမ္မတမူဂါဘီ ရာထူးကနှုတ်ထွက်ပေးဖို့ ဇင်ဘာဘွေ လူထုဆန္ဒပြတောင်းဆို
please wait

No media source currently available

0:00 0:01:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG