သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ဗလီ စစ်သွေးကြွတိုက်ခိုက်မှု သေဆုံးသူဦးရေ ၃၀၅ ဦး ရှိသွားပြီ


အီဂျစ်ဗလီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများနဲ့ ထွက်ပြေးရသူများ (နိုဝင်ဘာ ၂၄၊ ၂၀၁၇)
အီဂျစ်ဗလီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများနဲ့ ထွက်ပြေးရသူများ (နိုဝင်ဘာ ၂၄၊ ၂၀၁၇)

အီဂျစ်နိုင်ငံမြောက်ပိုင်း Sinai ကျွန်းဆွယ်က လူတွေပြည့်ကျပ်နေတဲ့ ဗလီတခုကို စစ်သွေးကြွလို့ သံသယဖြစ်ဖွယ်ရှိသူတွေက တိုက်ခိုက်ခဲ့ကြောင့် သေဆုံးသွားတဲ့သူ အရေအတွက်ဟာ လူ ၃၀၅ ယောက် ရှိသွားပြိဖြစ်တယ်လို့ အီဂျစ်လုံခြုံရေးတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ အဲဒီထဲက ၂၇ ယောက်က ကလေးတွေဖြစ်ကြပါတယ်။

Bir al-Abd မြို့က al-Rawdah ဗလီကို အစွန်ရောက် ၂၅ ယောက်ကနေ ၃၀ လောက်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အီဂျစ်ရှေ့နေချုပ်ရုံးက ပြောပါတယ်။ စစ်သွေးကြွတွေဟာ ခရီးကြမ်းမောင်းနှင်လို့ရတဲ့ကားတွေနဲ့ ရောက်လာကြပြီး၊ ဖောက်ခွဲရေးပစ္စည်းတွေကို ထောင်ပြီး၊ ဗလီထဲကိုပြေးဝင်သွားကြောင်း၊ အဲဒီနောက် သူတို့ဟာ အဲဒီကနေထွက်ပြေးပြီး ဝတ်ပြုတဲ့သူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သေနတ်သမားတွေဟာ ဗလီထဲကနေ အပြင်ကိုမထွက်နိုင်အောင် အပေါက်ဝမှာ ကားတွေကို မီးရှို့ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အရေးပေါ်လူနာတင်ယာဉ်တွေရောက်လာချိန်မှာလည်း စစ်သွေးကြွတွေက အဲဒီ အရေးပေါ်ကားတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုအတွင်း နောက်ထပ် ၁၂၈ ယောကလည်း ဒဏ်ရာရသွားတယ်လို့ အီဂျစ်အစိုးရပိုင်ရုပ်သံလိုင်းကပြောပါတယ်။ အခုချိန်ထိတော့ ဘယ်သူကမှ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ IS အဖွဲ့ကတော့ ဒီဒေသတွင်းမှာ ၂၀၁၃ ခုနှစ်ကစတင်ပြီး တိုက်ခိုက်မှုတွေလုပ်လာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG