သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်အစိုးရရုံးတွေကို ဒေသခံတောင်သူတွေ ဆန္ဒပြ


ကချင်ပြည်နယ် ဖားကန့်မြို့က ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းခွင်။
ကချင်ပြည်နယ် ဖားကန့်မြို့က ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းခွင်။

ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ်ဖားကန့်မြို့အတွင်း ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေရဲ့ လုပ်ဆောင် ချက် ကြောင့် ဒေသခံတွေ နစ်နာမှုရှိနေတာတွေကို အရေးမယူပေးတဲ့အတွက်ဆိုပြီး အစိုးရဌာနဆိုင်ရာ ရုံး(၃)ရုံး ကို ဒေသခံတောင်သူတွေ စုပြီးဒီနေ့ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။ ကျောက်စိမ်းတွင်းမိုင်းဖောက်ခွဲမှုနဲ့ မြေကျစ်စာသွန်ချမှုတွေကြောင့် ဒေသခံတွေ နစ်နာထိခိုက်မှုတွေရှိခဲ့ပြီး၊ ဒီကိစ္စတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာကို တိုင်ကြား မှုတွေလုပ်ခဲ့ပေမယ့် အာဏာပိုင်တွေဖက်က အရေးယူကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွမ်းအိမ်က စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်ဖါးကန့်မြို့ထဲမှာ ကျောက်စိမ်းတူးဖေါ်နေတဲ့ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့စပ်လျှင်းပြီး ဒေသခံ တွေရဲ့ကျေနပ်မှုတိုင်ကြားချက်တွေကို လစ်လျှူပြုထားတယ်ဆိုပြီး သက်ဆိုင်ရာဌာနဆိုင်ရာတွေကို ဒီကနေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

အထူးသဖြင့် ဖါးကန့်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး တရားရုံးနဲ့ မြေစာရင်းရုံးရှေ့မှာ ဆန္ဒပြခဲ့တယ်လို့ ဒေသခံတဦး က ပြောပါတယ်။

"မိုင်းတွေအားကြီးခွဲလွန်းတော့ ပြည်သူတွေအားလုံး (နေအိမ်တွေ) တုန်ခါကုန်ပြီလေ။ ပြောရင်လဲ အရေးမယူပေးဘူး။ ဆိုတဲ့သဘောပေါ့။ ကုမ္ပဏီဘက်မှာဘဲပါတယ်။ လူထုဘက်မှာမပါဘူးဆိုတဲ့ပုံစံနဲ့ဆန္ဒပြတယ်။ အထွေထွေ အုပ်ချုပ်ရေးရုံးရယ် (၃)နေရာပေါ့။ အဲဒီမှာဆန္ဒဖေါ်ထုတ်တယ်လို့။"

ဒီကနေ့ မနက်(၁၁)နာရီကနေ မွန်းလွှဲ(၂)နာရီအထိ ဒေသခံပြည်သူတွေနဲ့တောင်သူ တရာနီးပါးကနေ ဆန္ဒပြခဲ့ကြ တာပါ။

ဖါးကန့်မြို့နယ်အတွင်းမှာရှိတဲ့ကျောက်စိမ်းတူးကုမ္ပဏီတွေရဲ့လုပ်ဆောင်ချက်အပေါ် ဒေသခံတွေကနေ ကျေနပ်မှု မရှိလို့ သက်ဆိုင်ရာဌာနတွေကို တိုင်တန်းခဲ့ပေမဲ့ အရေးယူမှုအပိုင်းမရှိခဲ့တာကြောင့် အခုလို ဆန္ဒြုပခဲ့ကြတာ ဖြစ်တယ်လို့လဲ ဖါးကန့်မြို့ကလူထုအခြေပြုအဖွဲ့ဝင် ကိုနောင်လတ်ကအခုလိုပြောပါတယ်။

"ဆန္ဒပြတဲ့အရေးကဒီလိုပါ။ ကုမ္ပဏီတွေရဲ့မဆင်မခြင်ကားမောင်းမှုရယ်။ မနေ့ကဆိုလဲတယောက်ပွဲခြင်းပြီးသေတယ်။ ဦးနှောက်ပွင့်ထွက်ပြီးတော့ပေါ့နော်။ ပြီးရင်ဒီဒိုင်းနမိုက်ခွဲတဲ့ကိစ္စတွေပေါ့နော်။ တချို့ဆိုဘာသာရေးအဆောက်အဦတွေ ကွဲကုန်တယ်။ တချို့နေအိမ်ကွဲကုန်တယ်။ ဆိုင်ကယ်တွေဘာတွေထောင် ထားတဲ့ဟာတောင်မှ တခါထဲလဲကုန်တယ်။ အဲတာတေံကို ဒေသခံပြည်သူလူထုက စာရေးပြီးတော့ ဖါးကန့်မှာရှိတဲ့ လုံးခင်းမှာကျောက်စိမ်းညွှန်မှူးတို့ ကျွန်တော် တို့ ဒီအုပ်ချုပ်ရေးအပိုင်းကိုသွားပြီးတော့ ပြောတယ်။ ဒါပေမဲ့တစုံတရာဖြေရှင်းပေးခြင်း မရှိတဲ့အခါကျတော့ ဒေသခံပြည် သူ လူထုက ဆန္ဒထုတ်ဖေါ်တဲ့အနေအထားပေါ့နော်။"

ဒါ့အပြင် ကျောက်စိမ်းတူး ကုမ္ပဏီတွေကနေ ဒေသခံတွေရဲ့စိုက်ခင်းမြေတွေမှာ မြေကျစ်စာတွေက သွန်ချနေတဲ့လုပ် ဆောင်ချက်တွေကို သက်ဆိုင်ရာကိုတင်ပြခဲ့ပေမဲ့ အရေးယူမှုမရှိဘူးလို့ ဖါးကန့်မြို့ကလူထုအခြေပြု လူမှုအဖွဲ့ အစည်း ခေါင်းဆောင်ဦးမုန်ဒန်ကဆိုပါတယ်။

"ကုမ္ပဏီတွေ တောင်သူတွေရဲ့စိုက်ခင်းကို တောင်ယာတွေအားလုံး မြေစာတွေအများကြီး ဖို့လိုက်တယ်ပေါ့။ လျော်ကြေး နစ်နာကြေးတွေမပေးဘူး။ ဘာမှမပေးဘူး အဲဒီလိုမျိုးမြေစာစုသွားတော့ အစိုးရဆီမှာတင်ပြလဲဘဲ တရားရုံးတင်ပြလဲဘဲ ဘာမှမလုပ်ပေး မြေစာရင်းရုံးကဌာန ဘာမှမလုပ်ပေးဆိုတော့။ အဲတာကြောင့်အစိုးရကို တောင်သူတွေကသပိတ် မှောက်တာ။"

ကျောက်စိမ်းတူး ကုမ္ပဏီတွေကနေ ဒေသခံတွေရဲ့စိုက်ခင်းမြေဧကရာနဲ့ချီ သိမ်းယူထားတဲ့အခြေအနေမှာ ရှိနေတယ် လို့ ဦးမုန်ဒန်ကပြောပါတယ်။

ဒေသခံတွေရဲ့ဆန္ဒဖေါ်ထုတ်မှုအပေါ် ဖါးကန့်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လဲ တာဝန် ယူ ဖြေကြားမဲ့သူမရှိခဲ့ပါဘူး။

ဖားကန့်ဒေသခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းကတော့ ဖါးကန့်ဒေသရဲ့ထူးခြားတဲ့အသွင် လက္ခဏာကြောင့် ပြဿနာအရပ်ရပ်တွေကို ဒေသခံအာဏာပိုင်တွေဖြေရှင်းဖို့အားနည်းနေတဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။

"ဌာနပိုင်းဆိုင်ရာကလည်း ကျွန်တော်တို့ဒီဖါးကန့်ကတော့ ဝိဒေသထူးတဲ့ဒေသဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပြည်ထောင်စုကဘဲတိုက်ရိုက်ကိုင်သလိုလို ဖြစ်နေတဲ့ အနေအထားဖြစ်တဲ့ အခြေကျတော့ အောက်ခြေမှာရှိတဲ့ ဌာဆိုင်ရာအနေနဲ့ကလဲ သူတို့အပေါ်ယံညှိနှိုင်းဆောင်ရွက်မှုလောက်ဘဲ လုပ်နိုင်တဲ့အနေထားမျိုးတွေ့ ရတာပေါ့နော်။ တကယ့်ပြည်သူတွေလိုလားတဲ့အဆင့်အထိကိုတော့ အဲဒီမှာရှိတဲ့လူတွေက လုပ်ဆောင်မှုပိုင်းဆိုင်ရာက အရမ်း အားနဲတယ်။ ပြည်ထောင်စုကနေတိုက်ရိုက်ကိုင်တဲ့ အခြေကျတော့ သူတို့အနေနဲ့အဲဒီလုပ်ငန်းတွေက ထိလွယ် ရှလွယ်တဲ့အနေထားမျိုးပုံစံ မလုပ်ရဲမကိုင်ရဲတဲ့အနေအထား ဘေးကြပ်နံကြပ်မျိုးပုံစံဖြစ်နေတာနဲ့တူပါတယ်။"

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်လုပ်ကိုင်ကြသူတွေထဲက နည်းဥပဒေတွေအတိုင်း လိုက်နာ မှုမရှိတဲ့ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေကို အခုနှစ်ကစလို့ ဥပဒေအတိုင်းစိစစ်ဆောင်ရွက်ဖို့ရှိမရှိနဲ့ ပတ်သက်ပြီး ကချင် ပြည်နယ် လွှတ်တော်မှာ ဒီကနေ့ မေးမြန်းရာမှာ ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာမှုမရှိတဲ့ ကုမဏီတွေကို စိစစ်အရေးယူ ဆောင်ရွက်မှာဖြစ်တယ်လို့ ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သယံဇာတဝန်ကြီး ဦးHလအောင်ကဖြေကြားခဲ့ပါတယ်။

ကချင်ပြည်နယ်ဖါးကန့်ဒေသဟာ ကျောက်စိမ်းတူးဖေါ်တဲ့ လုပ်ငန်း တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ဒေသတခုလဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဖါးကန့်ဒေသမှာ အဖိုးတန်ကျောက်စိမ်းတွေ ထွက်ရှိနေပေမဲ့ ဒေသခံတွေအတွက် ထိရောက် တဲ့ အကျိုးခံစားမှုမရရှိခဲ့သလို ကျောက်စိမ်းအရိုင်းတုံးတွေကို အလွန်အကျွံတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက် စီးမှု၊ မြေကျစ်စာပြိုကျမှုကြောင့် ရေမဆေးကျောက်သမားတွေ အသက်ဆုံးရှုံးရမှု လုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ အလုပ် သမားတွေအကြားပဋိပက္ခတွေအစဉ်လိုလိုဖြစ်ပွါးနေတဲ့ဒေသလည်း ဖြစ်ပါတယ်။

XS
SM
MD
LG