သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Surin Pitsuwan ကွယ်လွန်

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Surin Pitsuwan
ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Surin Pitsuwan

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN အတွင်းရေးမှူးချုပ်ဟောင်း Surin Pitsuwan ကွယ်လွန်သွားပါပြီ။ သူဟာ အသက် ၆၈ နှစ်အရွယ်မှာ ရုတ်တရက် နှလုံးရောဂါခံစားရပြီး ကြာသပတေးနေ့က ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားတယ်လို့ ထိုင်း ဒီမိုကရက်ပါတီက ပြောပါတယ်။

မစ္စတာ Surin ဟာ ဒီမိုကရက်ပါတီရဲ့ လွှတ်တော်အမတ်ဟောင်းတဦးလဲဖြစ်ပြီး ဒီမိုကရက်ပါတီဦးဆောင်တဲ့ အစိုးရလက်ထက် ၁၉၉၀ ပြည့် နှောင်းပိုင်းနှစ်တွေမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့သူပါ။ ဒါ့အပြင် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ အာဆီယံ အတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့ပြီး ကုကလသမဂ္ဂ အတွင်းရေးမှူးချုပ်နေရာအတွက် စဉ်းစားတဲ့ထဲမှာလဲ ပါခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်တဲ့အချိန်မှာ အာဆီယံအတွင်းရေးမှူးချုပ်ဖြစ်နေပြီဖြစ်တဲ့ ဒေါက်တာ Surin က အဲဒီအချိန် မြန်မာစစ်အစိုးရအနေနဲ့ မုန်တိုင်းဒဏ်သင့်လူထုအတွက် နိုင်ငံတကာ အကူအညီတွေကို လက်ခံ ဖို့ တိုက်တွန်းတာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်တဲ့ အခြေအနေတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒီအခြေအနေ ဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို အစွန်းရောက်တွေဖြစ်သွားစေနိုင်ပြီးတော့ ဒေသတခုလုံး တည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်တယ် လို့ အဲဒီအချိန် အာဆီယံအတွင်းရေးမှူးချုပ်အနေနဲ့ ဒေါက်တာ Surin က သတိပေး ပြောဆိုခဲ့ဖူးပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ မိမိတို့ကိုယ်တိုင်ရပ်တည်၊ ကိုယ့်ဖာသာ လုံလောက်အောင်လုပ်၊ ပြင်ပက ပံံ့ပိုးကူညီမှုတွေကို စောင့် မနေဘဲ တနိုင်ငံနဲ့တနိုင်ငံ ကူညီပံ့ပိုးကြပါလို့ ဒေါက်တာ Surin က အကြံပေး တိုက်တွန်းခဲ့ပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Surin Pitsuwan ကွယ်လွန်
please wait

No media source currently available

0:00 0:00:31 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG