ဒီဇင်ဘာ ၁၂၊ ၂၀၁၇။
အစိုးရတရပ်ရဲ့ အောက်ဆုံးအဆင့် အုပ်ချပ်ရေးဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးရွေးကောက်ပွဲတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။
NLD အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ်စတင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးရွေးကောက်ပွဲတွေနဲ့ပတ်သက်လို့ အခက်အခဲတွေ အလားအလာကောင်းတွေအပြင် သောတရှင်တွေကရော ဒီရွေးကောက်ပွဲတွေကို စိတ်ဝင်စားပါရဲ့လား ရွေးကောက်ပွဲဆောင်ရွက်မှုတွေအပေါ် ဘယ်လို သဘောရပါသလဲ။
အခု အင်္ဂါနေ့ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်နဲ့၊ ACDD ဒီမိုကရေစီဖွံဖြိုးရေးလှုပ်ရှားမှုကော်မတီ ဦးဆောင်ညှိုနှိုင်းရေးမှုး ဦးရဲမင်းနောင်တို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။