သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ဆက်လက်ဖိအားပေးဖို့ ဝန်ကြီး Tillerson ကုလကို တိုက်တွန်းမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson။

မြောက်ကိုရီးယားက နျူကလီးယားလက်နက် အစီအစဉ်ကို စွန့်လွှတ်ရေး အမြင့်ဆုံးဖိအားပေးရေးကိစ္စ ဆွေးနွေးဖို့ သောကြာနေ့ မှာ လုံခြုံရေးကောင်စီ အစည်းအဝေး လုပ်တဲ့အခါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တက်ရောက်ပါမယ်။

မြောက်ကိုရီးယားနဲ့ ဆွေးနွေးပြောဆိုဖို့ အမေရိကန်အနေနဲ့ အဆင်သင့်ရှိတယ်လို့ ဝန်ကြီး Tillerson ကပြောခဲ့အပြီး ရက်ပိုင်း အတွင်း လုံခြုံရေးကောင်စီမှာလုပ်မယ့် အစည်းအဝေးကို ဝန်ကြီး Tillerson တက်မှာပါ။

မြောက်ကိုရီးယားအပေါ် စီးပွားရေးနဲ့ သံတမန်ရေး ဖိအားဆက်ပေးသွားဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဆက်ပြီး လုပ်ဆောင်သွားကြရေး ဝန်ကြီး Tillerson က တောင်းဆိုမယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ နျူကလီးယားနဲ့ ပဲ့ထိန်း ဒုံးကည်အစီအစဉ်တွေကို မြောက်ကိုရီးယားအစိုးရက ဆက်မလုပ်ဘဲ အဆုံးသတ်သွားအောင် ဖိအားပေးဖို့ဖြစ်ပါတယ်။

ဝန်ကြီး Tillerson ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့လဲ သောကြာနေ့မှာ တွေ့ဆုံပါမယ်။ အတွင်းရေးမှူးချုပ် Guterres ဟာ ကြာသပတေးနေ့က ဂျပန်နိုင်ငံကိုသွားခဲ့ပြီး ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံဆွေးနွေးတာ မှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ဆုံးကပါပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို နိုင်ငံအားလုံးက အပြည့်အေ၀ အကောင်အထည်ဖော်ဖို့ လိုတယ်လို့ အတွင်းရေးမှူးချုပ် Guterres က ထပ်ပြောခဲ့ပါတယ်။

နိုင်ငံတကာက ဖိအားဝိုင်းပေးနေတာကနေ အရင်ကမမြင်ခဲ့ဖူးတဲ့ ရလာဒ်တွေ ထွက်ထားတယ်လို့ ဝန်ကြီး Tillerson က ဒီ သီတင်းပတ်အစောပိုင်းမှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG