သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအတိုက်အခံ ကွန်ကရက်ပါတီဥက္ကဋ္ဌအဖြစ် ရာဟူးဂန္ဒီ အရွေးခံရ


အိန္ဒိယအတိုက်အခံ ကွန်ကရက်ပါတီဥက္ကဋ္ဌ ရာဟူးဂန္ဒီ (ဧပြီ ၂၀၁၅)
အိန္ဒိယအတိုက်အခံ ကွန်ကရက်ပါတီဥက္ကဋ္ဌ ရာဟူးဂန္ဒီ (ဧပြီ ၂၀၁၅)

အိန္ဒိယနိုင်ငံမှာ အတိုက်အခံကွန်ဂရက် ရဲ့ အကြီးအကဲအဖြစ် ဒီကနေ့ပဲ ပြိုင်ဘက်မရှိ ရွေးချယ်ခံရတဲ့ Rahul Gandhi က နိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ် Narendra Modi ရဲ့ အမျိုးသားရေးဝါဒီ Bharatiya Janata Party (BJP) ပါတီဟာ နိုင်ငံတလွှားဆူပူမှုမီးကို ကူးစက်လောင်အောင်လုပ်နေတယ်လို့ ဝေဖန်သွားပါတယ်။

အကြင်နာကင်းပြီး မှန်ကန်မှုမရှိတဲ့ မျက်မှောက်ခေတ်နိုင်ငံရေးကြောင့် လူတွေအများကြီး အမြင်မှားကြတယ်လို့ ကွန်ကရက်ပါတီ ဝန်ထမ်းတွေကို ပြေကြားတဲ့မိန့်ခွန်းထဲမှာ Rahul က ပြောကြားသွားပါတယ်။ Rahul Gandhi ဟာ ဝန်ကြီးချုပ် Modi ရဲ့ ပထမ ၅ နှစ် ဝန်ကြီးချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၁၉ နှစ်မှာ ဝန်ကြီးချုပ်နေရာအတွက် Mr. Modi နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး Mr. Modi က ကွန်ကရက်ပါတီ အုပ်ချုပ်မှုအောက်က ကင်းလွတ်တဲ့ အိန္ဒိယနိုင်ငံဖြစ်ရမယ်၊ ဟိန္ဒူအမျိုးသားရေးဝါဒီအင်အားစုတွေ နေရာပြန်ရဖို့ လုပ်ဆောင်သွားပါမယ်လို့ ကတိပြုသွားပါတယ်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဦးဆုံး ဝန်ကြီးချုပ် Jawaharlal Nehru ရဲ့ မြစ်တော်စပ်သူ အသက် ၄၇ နှစ်အရွယ် Rahul ကို ပါတီခေါင်းဆောင်အဖြစ်ထားရှိဖို့ ပြောဆိုနေတာ ကြာပြီဖြစ်ပြီး သူက ပါတီကို သက်တမ်းအရှည်ဆုံး ဥက္ကဌအဖြစ်၁၉၉၈ ခုှနှစ်ကတည်းက ရွေးကောက်ခံပြီး ဦးဆောင်ခဲ့တဲ့ မိခင်ဖြစ်သူ Sonia Gandhi လက်ထဲကနေ ပါတီတာဝန်ကို လွှဲပြောင်းယူလိုက်တာပါ။

အိန္ဒိယနိုင်ငံမှာ သြဇာကြီးတဲ့ Nehru Gandhi ဆွေစဉ်မျိုးဆက်နိုင်ငံရေးရဲ့ စတုတ္ထမြောက်မျိုးဆက်ဖြစ်တဲ့ Rahul Gandhi ဝါရင့်တဲ့ပါတီကို သိက္ခာရှိပြီး အတွေးအခေါ်သစ်တွေနဲ့ ပါတီတခုအဖြစ် ပြန်တည်ဆောက်ဖို့ ကတိပြုသွားခဲ့ပါတယ်။

သူက အိန္ဒိယရဲ့ လက်ရှိဝန်ကြီးချုပ် Narendra Modi ကို သတိကြီးကြီးထားပြီး ယှဉ်ပြိုင်လုပ်ဆောင်ရမှာပါ။ နှစ်ပေါင်း ၇၀ သက်တမ်းအတွင်း နိုင်ငံရဲ့ အာဏာကို ကိုင်ထားနိုင်ခဲ့တဲ့ ကွန်ကရက်ပါတီက ၂၀၁၄ ခုနှစ်မှာတော့ လက်ရှိဝန်ကြီးချုပ် Modi ရဲ့ BJP ပါတီကို မရှုမလှ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ Rahul Gandhi ရဲ့ ဖခင်ဖြစ်သူ Rajiv Gandhi နဲ့ အဘွားဖြစ်သူ Indira Gandhi တို့ဟာလည်း အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်တွေ ဖြစ်ခဲ့ကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG