သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရပွင့်လင်းမြင်သာမှုနဲ့ သတင်းလွတ်လပ်ခွင့် (တိုက်ရိုက်လေလှိုင်း)


Myanmar Press Freedom
Myanmar Press Freedom

ဒီဇင်ဘာ ၁၉၊ ၂၀၁၇။ နိုင်ငံတော်လျှိ့ဝှက်ချက်ဥပဒေဖောက်ဖျက်မှုစွဲချက်နဲ့ ရိုက်တာ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတဲ့အပေါ်မှာ အစိုးရအာဏာပိုင်တွေအပေါ် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့အစည်းတွေကရော နိုင်ငံတကာပါ ဝေဖန်နေကြပါတယ်။ သတင်းမီဒီယာတွေလွတ်လပ်ခွင့်ရှိဖို့လိုသလိုပဲ၊ Rights to Information ဆိုတဲ့ အစိုးရရဲ့ သတင်းအချက်အလက်တွေ အများပြည်သူ ရရှိခွင့် သိရှိခွင့်ဟာလည်း အစိုးရရဲ့ပွင့်လင်းမြင့်သာမှုနဲ့ တာဝန်ခံမှုကို စောင့်ကြည့်နိုင်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက်လိုအပ်ချက်တရပ် ဖြစ်ပါတယ်။ ဒါကြောင့် ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံမှာ Rights to Information အများနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို သိရှိခွင့် ရရှိခွင့်အပေါ်၊ အာဏာပိုင်တွေဖက်က ဘယ်လောက် လေးစား လိုက်နာမှုရှိပါသလဲ။ ဒီအကြောင်း အင်္ဂါနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ Unity Journal ထုတ်လုပ်သူ ဦးတင့်ဆန်း၊ ယနေ့ခေတ်နိုင်ငံရေးဂျာနယ် အယ်ဒီတာချုပ် ဦးသက်ဇင်နဲ့ CSO အရပ်ဖက်လူ့အဖွဲ့အစည်းတွေဖက်က ဦးသွင်လင်းအောင်တို့ ပင်တိုင်ဆွေးနွေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG