သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်ဖွံ့ဖြိုးရေး အတွက် အိန္ဒိယ ဒေါ်လာ ၂၅ သန်း ကူညီမည်


အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရတဲ့ မောင်တောက ကျေးရွာများ။
အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရတဲ့ မောင်တောက ကျေးရွာများ။

မကြာသေးခင်က အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တာကြောင့် ထောင်ပေါင်းများစွာရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းမှာ ဖွံ့ဖြိုးရေးတွေလုပ်ဖို့အတွက် အမေရိကန် ဒေါ်လာ ၂၅ သန်း အသုံးပြုမယ်လို့ အိန္ဒိယက ကြေညာလိုက်ပါတယ်။

ဒီငွေပမာဏကို ၅ နှစ် တာ ကာလ အတွင်းအသုံးပြုမှာ ဖြစ်တယ်လို့ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ပြောခွင့်ရသူ Raveesh Kumar ကပြောပါတယ်။

ဖွံ့ဖြိုးရေးအတွက် ၅ နှစ်အတွင်းအသုံးပြုဖို့ ဒေါ်လာ ၂၅ သန်းဆိုတာ ရာထားတဲ့ ငွေပမာဏသာဖြစ်ပြီး အမှန်တကယ်လိုအပ်ချက်နဲ့ အကျိုးရှိရှိ အသုံးချမှုအပေါ်မှာ မူတည်ပါတယ်လို့ သူကပြောပါတယ်။

ခန့်မှန်းခြေ ရိုဟင်ဂျာ မွတ်ဆလင် ၆ သိန်းလောက်ဟာ သြဂုတ်လ ၂၅ ရက်နောက်ပိုင်း အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့ကြပါတယ်။

အိန္ဒိယက ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေး အထောက်အကူတွေပေးဖို့ကိစ္စ အတွက် အသေးစိတ်အချက်တွေကို အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် S Jaishankar နဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ Press Trust India ရဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

တွေ့ဆုံကြတဲ့နေရာမှာ တခြားအကြောင်းအရာတွေ တော်တော်များများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း အဲဒီအထဲမှာ ရခိုင်ပြည်နယ်က အခြေအနေတွေ ပုံမှန်ပြန် လည်ဖြစ်ဖို့နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြသူတွေ ပြန်လည်နေထိုင်ကြရေးအတွက် အိန္ဒိယဘက်က ဘယ်လို အကူညီပေးနိုင်မလဲ ဆိုတာလည်း ပါဝင်ကြောင်း Kumar က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG