ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းဒေသမုန်တိုင်းကြောင့် ရွှံ့မြေပြိုမှု ရေကြီးမှုတွေ ဖြစ်ပွားပြီး လူ ဒါဇင်နည်းချီပျောက်ဆုံးကာ အနည်းဆုံး ၁၃၃ ယောက် သေဆုံးရတယ်လို့ ဖိလစ်ပိုင်ရဲနဲ့ သဘာဝဘေးအန္တရာယ်ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။
Mindanao ကျွန်းက Tubod မြို့မှာ လူအသေအပျောက်ရှိကြောင်း သောကြာနေ့က သတင်းရထားပါတယ်။ မြစ်ရေထက်ပြီး အိမ်တွေ မျောပါသွားတာကြောင့် ဒီရွာ လုံး၀ မရှိတော့ဘူးလို့ Tubod ရဲဝန်ထမ်းက ပြောပါတယ်။
အချိန်မတော် ရေကြီးမှုကြောင့် Piagapo မြို့က ကျောက်တုံးတွေ နေရာရွေ့ပြီး အိမ်ခြေ ၄၀ အပေါ် ပိကျခဲ့ပါတယ်။ လူ ၁ သောင်း ၂ ထောက်ဟာလည်း ကုန်းမြင့်တွေဆီ ထွက်ပြေးကြရတယ်လို့ ရဲက ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် တိုင်ဖုန်းနဲ့ မုန်တိုင်းတွေ အခု ၂၀ လောက် ကြုံရလေ့ရှိပြီး နှစ်ကုန်ပိုင်းရောက်တိုင်း တိုင်ဖုန်းမုန်တိုင်းတိုက်လေ့ရှိပါတယ်။