သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးရဲ့ ခရစ်စမတ် ဆုမွန်


ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ စိန့်ပီတာ ကျောင်းတော်ရဲ့ လသာဆောင်ကနေ အစဉ်အလာ ခရစ်စမတ်နေ့ ဟောကြား ( ဒီဇင်ဘာ ၂၅-၂၀၁၇)
ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ စိန့်ပီတာ ကျောင်းတော်ရဲ့ လသာဆောင်ကနေ အစဉ်အလာ ခရစ်စမတ်နေ့ ဟောကြား ( ဒီဇင်ဘာ ၂၅-၂၀၁၇)

ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ စိန့်ပီတာ ကျောင်းတော်ရဲ့ လသာဆောင်ကနေ အစဉ်အလာ ခရစ်စမတ်နေ့ ဟောကြားချက် ဖြစ်တဲ့ Urbi et Orbi - မြိုတော်နဲ့ ကမ္ဘာကို မိန့်ကြားချက်မှာတော့ ဂျေရုစလင်အတွက် ငြိမ်းချမ်းရေး၊ ကိုရီးယား ကျွန်းဆွယ်မှာ အပြန်အလှန် ယုံကြည်မှု ရှိရေးတို့ကို တိုက်တွန်းဟောကြားခဲ့သလို ကမ္ဘာတလွှား ပဋိပက္ခတွေ အတွင်း ကလေးငယ်တွေ ခံစားကြရတဲ့ အတိဒုက္ခတွေကိုလည်း အလေးထားပြီး မိန့်ကြားခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးက ဒေသက လူနည်းစုတွေကို လူ့ဂုဏ်သိက္ခာနဲ့ အညီ နေထိုင်နိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဆက်ပြီး ဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။ အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား တင်းမာမှုတွေ တိုးလာနေတဲ့ အပေါ် ပုပ်ရဟန်းမင်းကြီးက မိန့်ကြားတာမှာတော့ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူတည်ရှိရေး ညှိနှိုင်း ဖြေရှင်းနိုင်ဖို့ အတွက် နှစ်ဘက်အကြား ဆွေးနွေးမှုတွေ ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်ချက်ကို ထုတ်ဖော် ပြောဆိုသွားပါတယ်။

ကိုရီးယား ကျွန်းဆွယ်ပေါ်မှာ ထိပ်တိုက်တွေ့မှုတွေကနေ ကျော်လွှားနိုင်ပြီး ကမ္ဘာ့အကျိုးစီးပွား အတွက် အပြန်အလှန် ယုံကြည်မှုတွေ တိုးလာစေဖို့ ဆုတောင်းကြပါစို့လို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။ ရွှေ့ပြောင်းအခြေချရသူတွေရဲ့ ဒုက္ခတွေကိုလည်း လစ်လျူမရှုကြဖို့လည်း ကမ္ဘာတလွှားက ကက်သလစ်ဘာသာဝင် ၁ ဒသမ ၂ ဘီလီယံတို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG