သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင် လူမှုဘေးဒုက္ခ ကုလသတိပေးချက် ထုတ်ပြန်


ယီမင်နိုင်ငံမှာ ရေခပ်ဖို့ စောင့်နေသူများ (မေ ၁၃၊ ၂၀၁၅)
ယီမင်နိုင်ငံမှာ ရေခပ်ဖို့ စောင့်နေသူများ (မေ ၁၃၊ ၂၀၁၅)

ယီမင်နိုင်ငံမှာ ဖြစ်နေတဲ့ လူမှုဘေးဒုက္ခကြီးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအကူအညီပေးရေး အေဂျင်စီတွေကု သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး ၊ စားနပ်ရိက္ခာ နဲ့ ကလေးသူငယ်များအရေးပေါ် ရန်ပုံငွေအဖွဲ့တွေပူးတွဲပြီး ရီမင်နိုင်ငံကို လူသားချင်းစာနာတဲ့အကူအညီတွေပေးဖို့ နဲ့ ပဋိပက္ခတွေအဆုံးသတ်ဖို့ တောင်းဆိုတဲ့ ကြေညာချက်ထဲမှာတော့ အခုဆိုရင် ယီမင်နိုင်ငံမှာ စစ်ပွဲတွေဖြစ်ပွားနေတာဟာ ရက်ပေါင်း ၁ ထောင်ကျော်သွားခဲ့ပြီဖြစ်တယ်လို့ ပြောထားပါတယ်။

ယီမင်နိုင်ငံက ပဋိပက္ခတွေဟာ ကမ္ဘာပေါ်က အဆိုးရွားဆုံး လူမှုကပ်ဘေးဒုက္ခကြီးကို ဖြစ်ပေါ်စေခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။ ယီမင်နိုင်ငံ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာဟာ လူသားချင်းစာနာတဲ့အကူအညီတွေကိုလိုအပ်နေပြီး၊ အဲဒီအကူအညီတွေမရဘဲနဲ့တော့ ဒီထဲမှာရှိတဲ့ ကလေးငယ် ၁၁.၃ သန်းအနေနဲ့ ရှင်သန်နိုင်မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ယီမင်နိုင်ငံသား အနည်းဆုံး ၆၀ ရာခိုင်နှုန်းလောက်ဟာ စားနှပ်ရိက္ခာလုံလောက်မှုရှိမနေဘဲ၊ ၁၆ သန်းလောက်ကတော့ သန့်ရှင်းတဲ့ရေ နဲ့ မိလ္လာစနစ်ကို မရရှိဘဲ ဖြစ်နေပြီး၊ နောက်ထပ်လူအများအပြားကတော့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုမရှိဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ယီမင်နိုင်ငံမှာ နိုင်ငံတကာက ထောက်ခံတဲ့ သမ္မတ Mansour Hadi ကိုထောက်ခံသူတွေ နဲ့ ဟူသီ သူပုန်တွေကြား ၂၀၁၅ ခုနှစ်ကတည်းက တိုက်ပွဲတွေဖြစ်ပွားပြီး ၊ နိုင်ငံတွင်းမှာ မတည်မငြိမ်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG