သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက နိုင်ငံရေးပါတီတချို့ရဲ့ နှစ်သစ်ကူး ဆုတောင်း


ကချင်စစ်ပြေးဒုက္ခသည်များ
ကချင်စစ်ပြေးဒုက္ခသည်များ

မြန်မာနိုင်ငံအတွင်း လက်ရှိ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေအားလုံး အမြန်ဆုံး ရပ်တန့်ဖို့ ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ KPCC အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ရက် နှစ်သစ်ကူးအတွက် ပေးပို့တဲ့ အဖွဲ့ရဲ့ သဝဏ်လွှာ ထဲမှာအဲဒီလို တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံတဝှမ်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းကြရာမှာ စစ်ရေးနည်းနဲ့ ဖြေရှင်းတာမျိုးမဟုတ်ပဲ၊ နိုင်ငံရေးဆွေးနွေးပွဲ နည်းလမ်းတွေနဲ့သာ ငြိမ်းချမ်းစွာ ဖြေရှင်း ကြဖို့ ကိုလည်း တောင်းဆိုသလို၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းသာယာပြီး ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ လူ့အခွင့်အရေးရရှိအောင် လုပ်ဆောင်ကြဖို့ ကိုလည်း ကြေညာချက်ထဲမှာ တိုက်တွန်း တောင်းဆိုထားပါတယ်။

ဒီဇင်ဘာလ ခရစ္စမတ် ရာသီကာလအတွင်းမှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဒေသအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေ ထပ်မံပြင်းထန်လာတာဖြစ်ပါတယ်။ နှစ်သစ်မှာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေအားလုံး ဘေးဘာယာ ကင်းပြီး ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြပါစေလို့လည်း KPCC အဖွဲ့က ဆုမွန်ကောင်း တောင်းပါတယ်။

အလားတူပဲ အခုလို နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံသားအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်းအကြား မယုံကြည်မှုတွေ၊ အမုန်းတရားတွေကို ဖြေလျော့ပြီး စည်းလုံး ချစ်ခင် ယုံကြည်စွာ နေထိုင် ဆက်ဆံကြဖို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ၂၀၁၈ နှစ်သစ်ကူး သဝဏ်လွှာထဲမှာ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG