သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

California မှာ ဆေးခြောက် တရားဝင် စတင်ရောင်းချ


အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက်ခြမ်း ကယ်ဖိုးနီးယား ပြည်နယ်မှာ တရားဝင်ရောင်းချနေတဲ့ ဆေးခြောက်။
အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက်ခြမ်း ကယ်ဖိုးနီးယား ပြည်နယ်မှာ တရားဝင်ရောင်းချနေတဲ့ ဆေးခြောက်။

ဇန်နဝါရီလ ၁ ရက် ဒီကနေ့က စပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက်ခြမ်း ကယ်ဖိုးနီးယား ပြည်နယ်ဟာ ဆေးခြောက်ကို အပန်းဖြေရေးအတွက် အသုံးပြုမှုကို တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

San Diego, San Jose, Oakland, Berkeley နဲ့ Eureka အစရှိတဲ့မြို့တွေမှာ ဆေးခြောက်ရောင်းတဲ့ စတိုးဆိုင်တွေ ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေစပြီးတော့ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ကယ်လီဖိုးနီးယား ပြည်နယ်မှာ Prop 64 လို့ အများသိကြတဲ့ လူထုဆန္ဒခံယူပွဲ ကျင်းပပြီးတဲ့နောက် အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဆယ်စုနှစ် နှစ်ခုအကြာမှာ ကယ်လီဖိုးနီးယားပြည်နယ်ဟာ ဆေးခြောက်ကို ဆေးဝါးအဖြစ်နဲ့ တရားဝင် သုံးစွဲခွင့်ပြုခဲ့တဲ့ ပထမဦးဆုံးပြည်နယ် လည်းဖြစ်ခဲ့ပါတယ်။

ဆေးခြောက်သုံးစွဲသူတွေအတွက်ကတော့ ဒါဟာ သတင်းကောင်းဖြစ်ပေမယ့်လည်း ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ဆေးခြောက်သုံးစွဲမှုကို မလိုလားတဲ့သူတွေ အတွက်ကတော့ ဒါဟာ တကယ့်လက်တွေ့မှာ ထင်သလောက်မလွယ်ဘူးလို့ ရှုမြင်ကြပါတယ်။ မြို့တော် ဝါရှင်တန် ဒီစီအပါအဝင် အမေရိကန်ပြည်ထောင်စုအတွင်း ပြည်နယ် ၇ နှစ်ပြည်နယ်မှာ ဆေးခြောက်ကို အပန်းဖြေရေးအတွက် အသုံးပြုမှုကို တရားဝင်ခွင့်ပြုထားပေမယ့် ဘိန်းဖြူနဲ့ LSD လို့ခေါ်တဲ့ တရားမဝင် မူးယစ်ဆေးတွေလိုပဲ ဆေးခြောက်ကို တရားမဝင်မူးယစ်ဆေးအဖြစ် ပြည်ထောင်စု အစိုးရက သတ်မှတ်ထားဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG