သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားကြီး ၅ နိုင်ငံနဲ့ နျူကလီးယားသဘောတူညီချက် ပြန်ညှိနှိုင်းလို့မရနိုင်ဟု အီရန်ကကန်ကိုသတိပေး


အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗားဇာရစ်ဖ် (ဓါတ်ပုံ-အေပီ)

အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို ပြန်လည် ညှိနှိုင်းလို့ မရနိုင်ကြောင်း အမေရိကန်ကို အီရန်က သတိပေးလိုက်ပါတယ်။ သဘောတူညီချက်ကို အပြောင်းအလဲလုပ်တာမျိုး အခုရော၊ နောင်မှာပါ အီရန်က လက်ခံမှာ မဟုတ်ကြောင်းနဲ့ ကတိပြုထားတာထက် ကျော်လွန်ဆောင်ရွက်မှာ မဟုတ်ကြောင်းလည်း အီရန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုလိုက်တာပါ။

အီရန်အပေါ်ဒဏ်ခတ်မှုအသစ်တွေချမှတ်လိုကြောင်း အမေရိကန်သမ္မတ Donald Trump ရဲ့ မနေ့တုန်းကပြောဆိုချက်ဟာအခိုင်အမာရရှိထားတဲ့ နိုင်ငံတကာသဘောတူညီချက်ကို သေးသိမ်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးပမ်းမှုသာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ၀န်ကြီး Mohammad Javad Zarif ကလည်း Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့ပါတယ်။

သမ္မတ Trurmp ကတော့ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံနဲ့ အီရန်တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်အရ၊ နျူကလီးယား အစီအစဉ်တွေ လျှော့ချမယ့် အီရန်အပေါ် နိုင်ငံတကာက အရေးယူဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပေးထားတဲ့ အစီအစဉ်အရ၊ အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့တာဟာ ဒီတကြိမ်ဟာ ဒုတိယနဲ့ နောက်ဆုံးအကြိမ်ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန် ကွန်ဂရက် လွှတ်တော်နဲ့ ဥရောပက မဟာမိတ်တွေ အနေနဲ့ သဘောတူညီချက်ကို တိုးတက်မှုရှိအောင်လုပ်ဖို့ ရက်ပေါင်း ၁၂၀ ကြာ အချိန်ရအောင် ဒီတကြိမ်မှာ လျှော့ပေါ့ပေးခဲ့တာဖြစ်ပြီး၊ မလုပ်နိုင်ခဲ့ရင်တော့ သဘောတူညီချက်ကနေ အမေရိကန် ထွက်မှာဖြစ်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ သဘောတူညီချက်ထဲက အားနည်းချက်တွေကို ပြင်ဆင်ဖို့ သမ္မတ Trump ရဲ့ အဆိုပြုချက်မှာတော့ အီရန်က နျူကလီးယား စက်ရုံတွေ အားလုံးကို နိုင်ငံတကာက စစ်ဆေးသူတွေ ချက်ခြင်း ၀င်ရောက်နိုင်အောင် ခွင့်ပြုဖို့၊ နျူကလီးယားလက်နက် ဘယ်တော့မှ ထုတ်လုပ်မှာ မဟုတ်ကြောင်း အီရန်က ကတိပြုဖို့တွေလည်း ပါဝင်ပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော်ကတော့ သဘောတူညီချက် အသစ်မှာ အီရန်ရဲ့ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး တည်ဆောက်မှုတွေကိုပါ ထည့်သွင်းရမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG