သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ ယန္တရား ရပ်ဆိုင်းဖွယ်ရှိ


အမေရိကန်ကွန်ကရက်လွှတ်တော်
အမေရိကန်ကွန်ကရက်လွှတ်တော်

သောကြာနေ့ ညသန်းခေါင်ယံနောက်ပိုင်း အစိုးရယန္တရားတွေ ရပ်ဆိုင်းမသွားရလေအောင် ကြိုးစားတဲ့ အနေနဲ့ အောက်လွှတ်တော် ရီပတ်ဘလစ်ကင် အမတ်တွေက ယာယီအသုံးစားရိတ်ဆိုင်ရာ မဲခွဲမှုတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။

အမေရိကန် သမ္မတ Donald Trump ကတော့ ၂၀၁၃ ကနေစပြီး အခုတခါ ပထမဆုံး အစိုးရယန္တရားတွေ တစိတ်တပိုင်း ရပ်ဆိုင်းတာမျိုး ဖြစ်လာနိုင်တယ်လို့ ကြာသပတေး မှာ ပြောကြားလိုက်ပါတယ်။

အောက်လွှတ်တော် အမတ်တွေရဲ့ မဲခွဲမှု အလုပ်ဖြစ်ပါ့မလား ဆိုပြီး သံသယ ရှိကြောင်း သမ္မတ Trump က တွစ်တာမှာ ရေးပါတယ်။ ဒါဟာ အစီအစဉ်တစိတ်တပိုင်းကို သူမကြိုက်ကြောင်း ပြသခဲ့တာ ဖြစ်ပေမယ့် သမ္မတအိမ်ဖြူကရော အောက်လွှတ်တော် အများစု အမတ် Paul Ryan တို့ကပါ ရေတိုအသုံးစားရိတ်ဆိုင်ရာ လုပ်ဆောင်မှုတွေကို သမ္မတက ထောက်ခံကြောင်း နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

သမ္မတ Trump ကတော့ အစိုးရအသုံးစားရိတ် ဆက်ထားရေး မဲခွဲဖို့ လုပ်မလုပ် အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင်တွေ ပေါ်မှာပဲ မူတည်တယ်လို့ ပြောပါတယ်။

သမ္မတ အိမ်ဖြူနဲ့ လွှတ်တော်အမတ်တွေကြား တလတာ ယာယီအသုံးစားရိတ် ဒါမှမဟုတ် ၂၀၁၈ ဘဏ္ဍာရေးနှစ် အသုံးစားရိတ် ဆိုင်ရာသဘောတူညီချက်တွေက ခုထိ မရသေးပါဘူး

လွှတ်တော် ၂ ရပ် စလုံးမှာ ရီပတ်ဘလစ်ကင်တွေက ထိမ်းချုပ်ထားပေမယ့် အထက်လွှတ်တော်က ရီပတ်ဘလစ်ကင် ခေါင်းဆောင်တွေ ကတော့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့အထိ တလတာ ဆက်ပြီး အစိုးရ ယန္တရား လည်ပတ်ဖို့ လုပ်နိုင်အောင် ကြိုးစား ရုန်းကန်နေရဆဲပါ။ သူတို့ ရီပတ်ဘလစ်ကင်ပါတီထဲမှာ ကွန်ဆာဗေးတစ်ဖြစ်တဲ့ ရှေးရိုးသမားတွေရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပြီး သူတို့က ကာကွယ်ရေး အတွက် အသုံးစားရိတ်ပိုချစေချင်တာဖြစ်ပါတယ်။ တချို့ အမတ်တွေကလည်း ယာယီ ငွေချပေးမယ့် အစီစဉ်ကို ထောက်ခံဖို့ တွန့်နေကြတာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် အမတ်တွေ ဦးစားပေးနေတဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအာမခံ အစီအစဉ် နောက်ထပ် ၆ နှစ် အထိ သက်တမ်း ဆက်တိုးဖို့ ထည့်သွင်းထားတာကို ကန့်ကွက်ကြောင်း သမ္မတက တွစ်တာမှာရေးပါတယ်။ ကလေးငယ်တွေရဲ့ ကျန်းမာရေး အာမခံဟာ ရေတို အဖြေရှာဖို့ ထည့်သွင်းတာထက် ရေရှည်အဖြေရှာရေးမှာ ထည့်သွင်းဖို့ လုပ်သင့်တယ်လို့ ဆိုပါတယ်။

ရီပတ်ဘလစ်ကင် ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ ရီပါတ်ဘလစ်ကင်အမတ်တွေ ဆီက မဲဆုံးနိုင်ချေရှိနေတဲ့ အာမခံအပါအဝင် အသုံးစားရိတ် ဆိုင်ရာ တင်ပြချက်ကို ဒီမိုကရက်ပါတီဝင် တချို့က လက်ခံမယ်လို့မျှော်လင့်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG