သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားအန္တရာယ် ဝန်ကြီးဟောင်း Kissinger နဲ့ Shultz တို့သတိပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနှစ်ဦးဖြစ်တဲ့ George Schultz (ဝဲ) နဲ့ Henry Kissinger (ယာ) ။

မြောက်ကိုရီးယားက နျူကလီးယားလက်နက် ထုတ်လုပ်ဖို့နဲ့ ပစ်ခတ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ လုပ်ဆောင်နေတာကနေ နျူကလီးယားအန္တရာယ် သိသိသာသာ တိုးလာနေတဲ့အပေါ် ထင်ရှားတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှစ်ဦးက ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။

နျူကလီးယား မပြန့်ပွားရေး လုပ်ဆောင်တာမှာ ကမ္ဘာ့အခင်းအကျင်းဟာ စနစ်တကျမှားယွင်းနေတာကို Henry Kissinger က ထောက်ပြပြီး နျူကလီးယားလက်နက် ပြန့်ပွားနေတာဟာ ကမ္ဘာကြီး ဖောက်ခွဲပစ်လိုက်နိုင်တဲ့ အဓိကပြဿနာတခုဖြစ်တယ်လို့ George Shultz ကပြောပါတယ်။

Henry Kissinger ဟာ သမ္မတ နစ်ဆင်နဲ့ သမ္မတ ဖို့ဒ်တို့လက်ထက်က နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူပါ။ George Shutlz ကတော့ သမ္မတရေဂင်လက်ထက်က နိုင်ငံခြားရေးဝန်ကြီးပါ။

နိုင်ငံတကာလုံခြုံရေးကို လက်ငင်းအကျဆုံး ခြိမ်းခြောက်နေတာကတော့ မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်ပါပဲ၊ နိုင်ငံ တကာအသိုင်းအဝိုင်းကို မြောက်ကိုရီးယားက အခိုင်အမာအန်တုနေတာဟာ တခြားနေရာတွေမှာပါ လှိုင်းဂယက်ထသလို သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်လို့ မစ္စတာ ကစ်ဆင်းဂျားက လက်နက်ကိုင်တပ်ဖွဲ့များရေးရာ အထက်လွှတ်တော် ကော်မတီ ကိုပြောပါတယ်။

အနုမြူလက်နက်တွေကို အသုံးပြုတဲ့အပေါ် သဘောထားအမြင်တွေ ပြောင်းလဲလာတယ်လို့ သူမြင်တဲ့အပေါ် မစ္စတာ Shultz က သတိပေးပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG