သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အပယ်ခံ ရုရှားအားကစားသမားတွေ တားမြစ်ဆေးသုံးကြောင်း အထောက်အထား မခိုင်လုံ


ရုရှားနိုင်ငံ၊ ဆိုချီမြို့ အိုလံပစ်အားကစားပွဲတော်၊

ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ၂၀၁၄ ခုနှစ်ကလုပ်တဲ့ အိုလံပစ်အားကစားပွဲတော်အတွင်း တားမြစ်ဆေးသုံးစွဲတဲ့ အစီအစဉ်မှာပါဝင်တယ် ဆိုတဲ့စွဲချက်နဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က အရေးယူပိတ်ပင်ထားတဲ့ ရုရှားအားကစားသမား ၂၈ ဦးရဲ့ အယူခံကို အားကစားဆိုင်ရာ ခုံသမာဓိရုံး CAS က အတည်ပြုပေးလိုက်ပါတယ်။

အားကစားသမားတွေက တားမြစ်ဆေးဆိုင်ရာ ကန့်သတ်ချက်တွေကို ချိုးဖောက် တယ်ဆိုတာ လုံလောက်တဲ့ အထောက်အထား မရှိဘူးဆိုပြီး CAS က ကြာသပတေးနေ့မှာ ဆုံးဖြတ်လိုက်တာပါ။

ဒီဆုံးဖြတ်ချက်က အားကစားသမား ၂၈ ယောက်မှာ အပြစ်မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့အမှုမှာ လုံလောက် တဲ့အထောက်အထား မရှိတာကြောင့် အယူခံကို အတည်ပြုလိုက်ပါတယ်။ သူတို့အပေါ် အရေးယူထားတာကို ပယ်ဖျက်လိုက်ပြီး ဆိုချီ အိုလံပစ်ပွဲမှာ တဦးချင်းစီရထားတဲ့ ရလာဒ်တွေကို ပြန်ပြီး အတည်ပြုပေးလိုက်ပါတယ်လို့ CAS အတွင်းရေးမှူးချုပ် Matthieu Reeb ကပြောပါတယ်။

အယူခံနိုင်သွားတဲ့ အားကစားသမား ၂၈ ယောက်ကို ဒီလအတွင်း တောင်ကိုရီးယားမှာ ကျင်းပမယ့် အိုလံပစ်အားကစားပွဲမှာ ဝင်ပြိုင်ဖို့ ဖိတ်ခေါ်မှာမဟုတ်ဘူးလို့ IOC ကပြောပါတယ်။

CAS ရဲ့ ဒီဆုံးဖြတ်ချက်ဟာ တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေး အနာဂတ် လုပ်ဆောင်ချက်တွေပေါ် လေးနက်တဲ့ သက်ရောက်မှု ရှိသွားနိုင်ပါတယ်လို့ IOC ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG