သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ အသုံးစရိတ် အထက်လွှတ်တော် နှစ်ပါတီ သဘောတူညီမှုရ


အထက်လွှတ်တော်အမတ်အများစု ခေါင်းဆောင် Kentucky ပြည်နယ် ရီပါပလင်ကန် အမတ် Mitch McConnell

အမေရိကန်ပြည်ထောင်စု အစိုးရယန္တရားတွေ ရပ်ဆိုင်းဖို့ ခြိမ်းခြောက်ထားတဲ့ အချိန်မတိုင်ခင် တရက်ပဲအလိုမှာ အထောက်လွှတ်တောက် ပါတီနှစ်ရပ်ခေါင်းဆောင်တွေ သဘောတူညီမှုတရပ် ရရှိသွားကြပြီဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုအစိုးရအတွက် နှစ်နှစ်စာ ခွင့်ပြုငွေရရှိသွားပြီဖြစ်ပေမယ့် အငြင်းပွားနေတဲ့ လူဝင်မှုပြဿနာကတော့ မပြေလည်သေးပါဘူး။

အထက်လွှတ်တော်အမတ်အများစု ခေါင်းဆောင် Kentucky ပြည်နယ် ရီပါပလင်ကန် အမတ် Mitch McConnell က ကာကွယ်ရေးအသုံးစရိတ်နဲ့ အခြားဦးစားပေးကိစ္စတွေအတွက် ကွန်ဂရက်မှာ သဘောတူညီမှုရရှိဖို့ လမ်းဖွင့်သွားပြီဖြစ်လို့ ဝမ်းမြောက်ကြောင်းပြောပါတယ်။

အမတ်အနည်းစုခေါင်းဆောင် နယူးရောက်ပြည်နယ် ဒီမိုကရက်အမတ် Chuck Schumer ကလဲ လနဲချီ ကြာမြင့်ခဲ့ပြီးနောက် ဒီ ဘတ်ဂျတ်သဘောတူညီမှုရရှိလာခြင်းဟာ စစ်မှန်တဲ့ ထိုးဖောက်အောင်မြင်မှု တရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

အခုသဘောတူညီချက်ဟာ နိုင်ငံကာကွယ်ရေးနဲ့ ပြည်တွင်းအစီအစဉ်တွေအတွက် အမေရိကန်အစိုးရအနေနဲ့ နှစ်နှစ်တာ ကာလအတွင်း ဒေါ်လာ ဘီလျံ ၃၀၀ (သန်းပေါင်း ၃ သိန်း) ခွင့်ပြုမယ့် ကိစ္စဖြစ်ပါတယ်။ ဒီသဘောတူညီချက်အပေါ် သမ္မတ အိမ်ဖြူတော်ကတော့ အပြုသဘောရှိပေမယ့် တာဝန်ယူပြောကြားမှု မရှိသေးပါဘူး။

အောက်လွှတ်တော်မှာလည်း ဆက်လက်ညှိုနှိုင်း ရအုံးမှာဖြစ်ပါတယ်။ အောက်လွှတ်တော်အမတ်အနည်းစု ခေါင်းဆောင် ကယ်လီဖိုနီးယားပြည်နယ် ဒီမိုကရက် အမတ် Nancy Pelosi ကတော့ DACA ခေါ် ကလေးဘဝကတည်းက ရောက်ရှိလာသူတွေအရေးနဲ့ ပတ်သက်ပြီး အောက်လွှတ်တော် ဥက္ကဌ ရီပါပလင်ကန်အမတ် Paul Ryan အနေနဲ့ အားလုံးပါဝင်တဲ့ မဲခွဲမှု မလုပ်မချင်း ဒီအသုံးစရိတ်ကိစ္စကို ဆိုင်းငံ့ထားမယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG