သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေးဖြေရှင်းမှု မဟာမိတ်တွေနဲ့အတူ ကန် ရပ်တည်မည်

အမေရိကန် ဒုတိယ သမ္မတနဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း။
အမေရိကန် ဒုတိယ သမ္မတနဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း။

မြောက်ကိုရီးယားဘက်က နျူးကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်တွေ အဆုံးသတ်ရေး အစွမ်းကုန် ဖိအားပေးရေး အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က မဟာမိတ်တွေနဲ့ အတူ ရင်ဘောင်တန်း ရပ်တည်သွားမယ်လို့ အမေရိကန် ဒုတိယ သမ္မတ Mike Pence က အာမခံ ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယားရဲ့ စေ့စပ်ဆောင်ရွက်မှုတွေကို ကွဲပြားသွားစေနိုင်တဲ့ အိုလံပစ် ပွဲတော်မှာ မြောက်ကိုရီးယား ဘက်က အနုနည်းနဲ့ ချဉ်းကပ်မှုကို တန်ပြန်ထိန်းညှိရေး ရည်ရွယ်ပြီး အမေရိကန် ဒုတိယ သမ္မတ Pence တောင်ကိုရီးယားကို ဒီကနေ့ ကြာသပတေးနေ့မှာ ရောက်ရှိသွားတာပါ။

ကိုရီးယား ကျွန်းဆွယ် နျူးကလီးယား ကင်းစင်ရေး ရည်မှန်းချက်ကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ အတူတကွ ဆောင်ရွက်နေတာ ဖြစ်ကြောင်း အမေရိကန် ဒုတိယ သမ္မတက ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ တောင်ကိုရီးယားနဲ့ အတူ အမေရိကန်ရဲ့ ရပ်တည်မှုက ခိုင်မာကြောင်း၊ ကမ္ဘာတလွှားနဲ့ ကိုရီးယားကျွန်းဆွယ်ပေါ်က တောင်ကိုရီးယား နိုင်ငံ ငြိမ်းချမ်းရေး ရည်မှန်းချက် ပြည့်မီတဲ့ အထိ အမေရိကန် ပြည်ထောင်စု ဘက်က တောင်ကိုရီးယားပြည်သူတွေ၊ ဒေသတွင်းက မဟာမိတ်တွေနဲ့ အတူ ရပ်တည်သွားမယ်လို့လည်း ဒုသမ္မတ Pence က ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းကတော့ အခွင့်အရေးကို အပြည့်အ၀ အသုံးချနိုင်ဖို့ မျှော်လင့်ကြောင်း၊ အခု ဆောင်းရာသီ အိုလံပစ် ပွဲတော်ကနေ အရင်းတည်ပြီး ကိုရီးယား ကျွန်းဆွယ် နျူးကလီးယား ကင်းစင်ရေး ဆွေးနွေးပွဲတွေကို ဦးတည်နိုင်ပြီး ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီမတိုင်ခင် အစောပိုင်း ဂျပန်နိုင်ငံကို ဝင်ရောက်စဉ်မှာတော့ အမေရိကန် ဒု သမ္မတ Pence က မြောက်ကိုရီးယား နျူးကလီးယား အရေး မပြေလည်မှုကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း ဒါပေမယ့် လိုအပ်လို့ အင်အားသံုံးရမယ်ဆိုရင်လည်း ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားအရေးဖြေရှင်းမှု မဟာမိတ်တွေနဲ့အတူ ကန် ရပ်တည်မည်
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG