သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာပြောဆိုခွင့်မထိခိုက်ပဲ အမုန်းတရားပွားများအောင်လှုံ့ဆော်မှုတွေကိုင်တွယ်ရေး


လွတ်လပ်စွာပြောဆိုခွင့်မထိခိုက်ပဲ အမုန်းတရားပွားများအောင်လှုံ့ဆော်မှုတွေကိုင်တွယ်ရေး (ဓါတ်ပုံ-ဗွီအိုအေ)
လွတ်လပ်စွာပြောဆိုခွင့်မထိခိုက်ပဲ အမုန်းတရားပွားများအောင်လှုံ့ဆော်မှုတွေကိုင်တွယ်ရေး (ဓါတ်ပုံ-ဗွီအိုအေ)

မိမိဆန္ဒအမြင်ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရေးသားဖော်ပြခွင့်ဟာ ဒီမိုကရေစီစနစ်မှာ အရေးပါတဲ့ လူ့အခွင့်အရေးတရပ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့အမြင်ဆိုပြီး လူတဖက်သားကို ခြိမ်းခြောက်ပြောဆိုတာ ဒါမှမဟုတ် နစ်နာထိခိုက်အောင်လုပ်တာ ဒါမှမဟုတ် ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုရန်လိုတာတွေဟာ လူ့အခွင့်အရေးဟုတ်ပါရဲ့လား။ ဒီမိုကရေစီစနစ်ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ဆိုရာမှာ ဘယ်လို ကျင့်ဝတ်အကန့်အသတ်တွေ ရှိပါသလဲ၊ ဥပဒေအရ ဘယ်လို အာမခံချက်ပေးပြီး ထိန်းကျောင်းထားပါသလဲ။

ပင်တိုင်ဆွေးနွေးသူ ၊ လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး ၊ မြန်မာ့နိုင်ငံရေးအကဲခတ် ဦးမောင်မောင်မြင့် နဲ့ လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ (Triangle Women) အဖွဲ့က မခင်လေး တို့နဲ့ အတူ မအေးသန္တာကျော် ဆွေးနွေးတင်ဆက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG