ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၈။ ရခိုင်အရေးကိစ္စကို အကြောင်းပြုပြီး နိုင်ငံတ်ာလုံခြုံရေးဆိုတဲ့ အယူအဆဟာ လူ့အခွင့်အရေးဆိုတာထက် မြန်မာ့နိုင်ငံရေးမှာ ပိုပြီး နေရာရလာပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကိစ္စကို ချည်းကပ်တဲ့နေရာမှာ နိုင်ငံတော်အချုပ်အချာအာဏာလုံခြုံရေးကို အလေးထားသင့်သလား၊ ဒါမှမဟုတ် နိုင်ငံတကာက ပြောနေသလို လူ့အခွင့်အရေးစံနှုန်းစံထားတွေကိုပဲ ဦးစားပေးသင့်သလား၊ ဒီနှစ်ခု ဟန်ချက်ညီမျှအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းရော ဖြစ်နိုင်ပါသလား အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ MPC မြန်မာငြိမ်းချမ်းရေးစင်တာကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လှုပ်ရှားပါဝင်ခဲ့သူတဦးဖြစ်တဲ့ ကိုညိုအုန်းမြင့်နဲ့ လူငယ်နဲ့ လူမှုသဟဇာတဖြစ်ရေး စင်တာ အမှုဆောင်ညွန်မှုး ကိုသက်ဆွေဝင်းတို့က ပင်တိုင်ဆွေးနွေးထားပါတယ်။