သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jung-Un နဲ့ ထိပ်သီးဆွေးနွေးပွဲအလားအလာ သမ္မတ Moon ပြောဆိုခြင်း မရှိသေး


အခုတောင်ကိုရီးယားမှာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကျင်းပရင်း မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားမှုတွေ ကနေ မြောက်ကိုရီးယားနဲ့ရော သူ့ရဲ့အဓိကပြိုင်ဘက် အမေရိကန်နဲ့ပါ ဆက်ဆံရေးတွေ ပိုကောင်းလာစေဖို့အပြင် မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက်စွန့်လွှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေစတင်နိုင်ရေးကို တောင်ကိုရီးယားက မျှော်လင့်ထားကြောင်း တောင်ကိုရီးယား သမ္မတ Moon Jae-in ကစနေနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားအာဏာရှင် Kim Jong Un ဘက်က ဆွေးနွေးပွဲလုပ်ဖို့ ဖိတ်ကြားထားမှုအတွက် သူ့ဘက်က လက်ခံဖို့ ဘယ်လိုအခြေနေမျိုး လိုအပ်နေပါသလဲဆိုတဲ့ အမေးကိုတော့ ဖြေကြားခြင်းမရှိဘူးလို့ AP သတင်းက ရေးပါတယ်။

အိုလံပစ်ပွဲတော်ကို လာရောက်ခဲ့တဲ့ ညီမဖြစ်သူ Kim Yo Jong ဟာ သူ့အစ်ကို Kim Jong Un ရဲ့ ဖိတ်ကြားချက်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တုန်းက တောင်ကိုရီးယား သမ္မတ ကိုပြောကြားခဲ့တာဖြစ်ပြီး တောင်ကိုရီးယား သမ္မတ Moon ကတော့ အခုထိအကြောင်းမပြန်သေးဘဲ ကိုရီးယား နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေလုပ်ဖို့ ဝန်းကျင်တခု ဖန်တီးသင့်တယ်လို့သာ ပြောကြားခဲ့တာပါ။

အခုလို ချက်ချင်းမတုံ့ပြန်ပဲ သတိထားနေတာဟာ သူ့ရဲ့ မဟာမိတ်အမေရိကန်ကြောင့်ဖြစ်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား နွေးထွေးတဲ့ ဆက်ဆံရေး ရှိချိန်မှာမှ တောင်ကိုရီးယားသမ္မတက အခုလို ဆွေးနွေးပွဲတွေ ကျင်းပချင်တဲ့ ဆန္ဒရှိပုံရပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှုကို ဟန့်တားဖို့ တောင်ကိုရီးယားမှာ အမေရိကန်က တပ်အင်အား ၂၈,၅၀၀ လောက်ချထားတာမို့ မျှော်လင့်ချက်က မှေးမှိန်နေတာပါ။

မြောက်ကိုရီးယားက အခုလို တောင်ကိုရီးယား အပေါ်ပျော့ပြောင်းတဲ့ ဆက်ဆံရေး လုပ်လာတာဟာ သူ့အပေါ် အရေးယူဒဏ်ခတ်မှုတွေ အမြင့်မားဆုံး ချထားဖို့လုပ်နေတဲ့ သူ့ပြိုင်ဘက် အမေရိကန်ကို တောင်ကိုရီးယားနဲ့ ဝေးအောင် လုပ်နေတဲ့ လက္ခဏာအဖြစ်တချို့က ရှုမြင်ကြတာပါ။

အခုအိုလံပစ်ပွဲမှာ တောင်နဲ့ မြောက်ကိုရီးယားတို့ အလံတော် တခုအောက်မှာ အတူပြိုင်ပွဲဝင်ခဲ့တဲ့အတွက် ကိုရီးယားပြည်သူတွေရော ကမ္ဘာလုံးကပါ စိတ်လှုပ်ရှားခဲ့ရကြောင်းနဲ့ အခုလို တစိတ်ထဲတဝှမ်းထဲရှိဖို့ စတင်တည်ဆောက်နေသလို အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ လိုနေပြီလို့လည်း တောင်ကိုရီးယား သမ္မတက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG