သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှတောင်ပိုင်းနဲ့ အလယ်ပိုင်း သွယ်မယ့် ၄ နိုင်ငံပိုက်လိုင်း ပန္နက်ရိုက်


Turkmenistan ၊ အာဖဂန်နစ်စတန်၊ ပါကစ္စတန်နဲ့ အိန္ဒိယ ၄ နိုင်ငံကို သွယ်တန်းဖေါက်လုပ်မယ့် ဘီလျံဒေါ်လာ အမြောက်အများ တန်တဲ့ ရေနံပိုက်လိုင်း စီမံကိန်း
Turkmenistan ၊ အာဖဂန်နစ်စတန်၊ ပါကစ္စတန်နဲ့ အိန္ဒိယ ၄ နိုင်ငံကို သွယ်တန်းဖေါက်လုပ်မယ့် ဘီလျံဒေါ်လာ အမြောက်အများ တန်တဲ့ ရေနံပိုက်လိုင်း စီမံကိန်း

Turkmenistan ၊ အာဖဂန်နစ်စတန်၊ ပါကစ္စတန်နဲ့ အိန္ဒိယ ၄ နိုင်ငံကို သွယ်တန်းဖေါက်လုပ်မယ့် ဘီလျံဒေါ်လာ အမြောက်အများ တန်တဲ့ ရေနံပိုက်လိုင်း စီမံကိန်းဟာ ကာလအတော်ကြာ ကြန့်ကြာနေခဲ့ရာက အခု သောကြာနေ့မှာတော့ ပနက်ရိုက် အခန်းအနားကို စတင်တော့မှာ ဖြစ်ပါတယ်။

ဒီ TAPI ပိုက်လိုင်းစီမံကိန်းဟာ ဒေါ်လာ ဆယ်ဘီလျံတန် စီမံကိန်းကြီးဖြစ်ပြီး အလယ်အာရှဒေသနဲ့ တောင်အာရှဒေသကို ဆက်သွယ်မယ့် ဒီပိုက်လိုင်းကို ဒီနှစ်ထဲမှာ စတင်အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Turkmenistan မှာ ရှိတဲ့ သဘာဝဓါတ်ငွေ့သိုက်ဟာ ကမ္ဘာ့ စတုတ္ထအကြီးဆုံးသိုက်ဖြစ်ပြီး အဲဒီကနေ အရှည် ၁ ၈၁၄ ကီလိုမီတာ ရှည်တဲ့ ဒီပိုက်လိုင်းနဲ့ လာမယ့် နှစ်ပေါင်း ၃၀ အတွင်း တနှစ်ကို သဘာဝဓါတ်ငွေ့ ကုဗမီတာ ၃၃ ဘီလျံလောက် သွယ်ယူတင်ပို့ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်တို့က ကုဗမီတာ ၁၄ ဘီလျံစီလောက် ဝယ်ယူမှာဖြစ်သလို ကျန် ၅ ဘီလျံ ကုဗမီတာကိုတော့ အာဖဂန်နစ်စတန် က ယူမှာဖြစ်ပါတယ်။

သောကြာနေ့ ပနက်ရိုက်အခမ်းအနားကို အာဖဂန်နစ်စတန် အနောက်ပိုင်း Herat မြို့မှာ ကျင်းပမှာ ဖြစ်ပြီး အိမ်ရှင် အာဖဂန်သမ္မတ Ashraf Ghani နဲ့အတူ Turkmenistan သမ္မတ Gurbanguly Berdymukhammedov ၊ ပါကစ္စတန် ဝန်ကြီးချုပ် Shahid Khaqan Abbasi နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး MJ Akbar တို့တက်ရောက်ကြမှာ ဖြစ်ပါတယ်။

Turkmenistan က သူ့နိုင်ငံထဲက အပိုင်းအတွက် ၂၀၁၅ ဒီဇင်ဘာလမှာ စတင်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG