သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်ဈေးနှုန်းမသိတဲ့ ဘီလျံနာကြီး


Microsoft ကွန်ပြူတာကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်သူ Bill Gates
Microsoft ကွန်ပြူတာကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်သူ Bill Gates

Microsoft ကွန်ပြူတာကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်သူ Bill Gates ဟာ ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပေမဲ့ လည်း မီးဖိုချောင်သုံး လူသုံး ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကိုတော့ သိပ်သိလှသူမဟုတ်ပါဘူး။

ကုန်ဈေးနှုန်းအကြောင်း သူမသိလှဘူးဆိုတာ ဗုဒ္ဓဟူးနေ့ကထုတ်လွှင့်တဲ့ ရုပ်သံတင်ဆက်သူ Ellen Degeneres ရဲ့ Ellen ရုပ်သံ အစီအစဉ်မှာ ပေါ်သွားတာပါ။ အဲဒီ ရုပ်သံအစီအစဉ်မှာ အိမ်သုံးပစ္စည်းတချို့ရဲ့ဈေးနှုန်းကို သူ မှန်အောင်ပြောနိုင်မယ်ဆိုရင် လာကြည့်တဲ့ပရိသတ်ကို လက်ဆောင်ပေးမယ့် ကဏ္ဍလေးတခုပါပါတယ်။ ပစ္စည်းငါးမျိုးထဲက သုံးမျိုးရဲ့ဈေးနှုန်းကို အပိုအလို တဒေါ်လာ ကွာခြားချက်နဲ့ မစ္စတာ Gates က မှန်အောင် ခန့်မှန်းပြောနိုင်မယ်ဆိုရင် ပရိသတ်တွေ လက်ဆောင်ရမှာဖြစ်ပါတယ်။

သူ ကုန်တိုက်မှာ ဈေးသွားဝယ်ခဲ့တာ ဘယ်တုန်းက နောက်ဆုံးလဲဆိုတာကို အစီအစဉ်မစခင်မှာ တင်ဆက်သူ Ellen က မေးတဲ့ အခါ ကြာလှပြီလို့ သူကပြန်ဖြေပါတယ်။ တကယ်တမ်း ဈေးနှုန်းခန့်မှန်းတဲ့အခါမှာလည်း ငါးမျိုးမှာ လေးမျိုး လွဲသွားပါတယ်။

၁ ဒေါ်လာပဲကျတဲ့ ဆန်နဲ့လုပ်ထားတဲ့ အသင့်စား အထုတ်လေးကို သူခန့်မှန်းတာက ၅ ဒေါ်လာ၊ ဒေါ်လာ ၂၀ ကျတဲ့ အဝတ်လျှော် ဆပ်ပြာဘူးကို သူခန့်မှန်းတာ ၄ ဒေါ်လာ၊ ၂၂ ဒေါ်လာလို့ သူခန့်မှန်းပြောတဲ့ အေးခဲထားတဲ့ Pizza က ၉ ဒေါ်လာပဲ ပေးရတာပါ။ ၄ ဒေါ်လာနဲ့ သူ မှန်အောင် ခန့်မှန်းလိုက်နိုင်တာကတော့ သွားကြားထိုးတဲ့ကြိုးဖြစ်ပါတယ်။ သူခန့်မှန်းတာတွေ လွဲသွားပေမဲ့လည်း ပရိသတ်ကတော့ ဒီရုပ်သံအစီအစဉ်ကို နောက်တခေါက် ပြန်လာကြည့်ခွင့်ရပြီး အခုခန့်မှန်းတဲ့ပစ္စည်းတွေကိုလည်း လက်ဆောင် အဖြစ်ရကြမှာပါ။

မစ္စတာ Gates ရဲ့ ချမ်းသာကြွယ်ဝမှုအရပ်ရပ်ဟာ ဒေါ်လာ ၉၁.၈ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားပါတယ်။ သူ့နဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ အတူပူးတွဲတည်ထောင်ထားတဲ့ ပရဟိတအဖွဲ့ကနေ ကျန်းမာရေးနဲ့ပညာရေးလုပ်ငန်းတွေအတွက် ဒေါ်လာ သန်း ၄၀ လှူဒါန်းထား ပြီးဖြစ်ပါတယ်။

ကုန်ဈေးနှုန်းမသိတဲ့ ဘီလျံနာကြီး
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG