သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ပြန်ပြင်ချင်တဲ့ နိုင်ငံတကာ နျူကလီးယားစာချုပ် အီရန်လိုက်နာဆဲ


 IAEA ကုလသမဂ္ဂအနုမြူအေဂျင်စီ နဲ့ အီရန်သမ္မတ တွေ့ဆုံစဉ်။
IAEA ကုလသမဂ္ဂအနုမြူအေဂျင်စီ နဲ့ အီရန်သမ္မတ တွေ့ဆုံစဉ်။

အီရန်ရဲ့ နျူကလီယားလက်နက်ထုတ်လုပ်မှု ရပ်ဆိုင်းစေဖို့ရည်ရွယ်တဲ့ ၂၀၁၅ နိုင်ငံတကာ သဘောတူညီချက်အတိုင်း အီရန်က သူ့ရဲ့ နျူကလီယား အစီအစဉ်ကို ဆက်ပြီးကန့်သတ်ထားတာ တွေ့ရတယ်လို့ IAEA ကုလသမဂ္ဂအနုမြူအေဂျင်စီက ပြောကြားလိုက်ပါတယ်။

အီရန်ဘက်က လိုက်နာခဲ့တယ် ဆိုရင် သူ့အပေါ်ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ဖြေလျှော့ပေးဖို့ အီရန်နဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်နဲ့ အီးယူဥရောပသမဂ္ဂတို့ကြား ထားရှိတဲ့ သဘောတူညီချက်ထဲက အဓိက အချက်တွေကို လေးစားလိုက်နာကြောင်း တွေ့ရတယ်လို့ IAEA ကကြာသပတေးနေ့ထုတ်ပြန်တဲ့ ၄ လပတ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အမေရိကန်သမ္မတ Donald Trump ကတော့ ဒီသဘောတူညီချက် မှာ ဆိုးဝါးတဲ့ အမှားတွေရှိနေတယ်လို့ ဝေဖန်ခဲ့သလို ရထားတဲ့ သဘောတူညီချက်ကို ပြန်ပြင်ဖို့လည်း ဖိအားပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီသဘောတူညီချက်ထဲက အမေရိကန် ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး အီရန်အပေါ် အရေးယူမှုတွေ ပြန်ချဖို့ လုပ်မလုပ် မေလနောက်ဆုံးထား ပြန်စဉ်းစားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အီရန် ဒု နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ကတော့ သဘောတူညီချက်နဲ့ ပတ်သက်ပြီး သမ္မတ Trump ရဲ့ အခုလို ပြောကြားချက်တွေ က သဘောတူညီချက်ကို ချိုးဖေါက်ရာရောက်တဲ့ အပြင် သူ့နိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်တွေရဖို့အရေး ထိခိုက်စေတယ်လို့ ကြာသပတေးနေ့မှာပဲ ပြောပါတယ်။ ဒါ့အပြင် Trump က အရေးယူဒဏ်ခတ်မှု အသစ်ထပ်ချသည်ဖြစ်စေ မချသည်ဖြစ်စေ အီရန်အနေနဲ့ ဒီသဘောတူညီချက်ကို မလိုက်နာပဲ ထွက်သွားနိုင်ကြောင်း ခြိမ်းခြောက်ခဲ့တာပါ။

အီရန်ဟာ သဘောတူညီချက်ထဲမှာ ပါတဲ့အတိုင်း ယူရေနီယမ်သန့်စင်မှုကို ၃.၆၇ ရာခိုင်နှုန်းထက် မပိုစေတဲ့ အပြင် ဒီသန့်စင်- ယူရေနီယမ်နဲ့ ရေလေးစုဆောင်းမှုကို သတ်မှတ်ပမာဏထက် မပိုစေတာ တွေ့ရကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG