သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားလျှောက်ထားသူ မြန်မာဒုက္ခသည်တချို့ ကန်လူဝင်မှုကြီးကြပ်ရေး ပြန်စီစစ်


အမေရိကန်နိုင်ငံသားခံယူစဉ်။
အမေရိကန်နိုင်ငံသားခံယူစဉ်။

ဒုက္ခသည်အဖြစ်ခိုလှုံခွင့်ရရှိထားသူ မြန်မာနိုင်ငံက လူတချို့ အမေရိကန်နိုင်ငံသား ခံယူခွင့်လျှောက်ထားရာမှာ သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေ ကို ပြန်စစ်ဆေးဖို့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနက အခုရက်ပိုင်းတွေအတွင်း ဆင့်ခေါ်မှုတွေ လုပ်နေပါတယ်။ ဆင့်ခေါ်စာရသူတွေအတွင်း စိုးရိမ်မှုတွေလည်းဖြစ်နေပါတယ်။ အခုလို ဆင့်ခေါ်ခံရသူတွေဟာ မလေးရှားနိုင်ငံကနေ တဆင့်ရောက်လာကြတဲ့ မြန်မာဒုက္ခသည်တွေအတွင်းမှာဖြစ်နေတာပါ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာဒုက္ခသည် အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အင်ဒီယားနားပြည်နယ်အခြေစိုက် BACIခေါ် မြန်မာအမေရိကန်လူမှုအဖွဲ့အစည်းရဲ့ ဥက္ကဌ ဒေါက်တာ ရိုဒင်းဂါကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းတဲ့အခါ သူကအခုလိုစပြောပါတယ်။

ဒေါက်တာ ရိုဒင်းဂါ။ ။ ဒီလိုပါ ကျနော်တို့ သိသလောက်ကတော့ မလေးရှားမှာ မြန်မာပြည်သားတွေ ၂၀၀၅-၂၀၀၆ ကစပြီးတော့ ဒုက္ခသည် နာမည်စာရင်းကောက် တဲ့အခါမှာ နာမည်ထပ်တာတွေ အများကြီးရှိတယ်။ ဥပမာ လူတယောက်က စခန်း တခုကနေ သူ့နာမည်ပေးလိုက်တယ် မွေးသက္ကရာဇ် အဖေ အမေ နာမည် နောက် တခြားစခန်းမှာ နာမည်က အဲ့လူကပဲ သွားပြန်လျှောက်တယ်။ ဆိုတော့ မွေးသက္ကရာဇ်တူ အဖေ အမေ နာမည်တူက အဲ့တာ မလေးရှားမှာတော့ ပြသနာမတက်ဘူး။ အမေရိကားကို သူတို့ ရောက်လာတယ်။ အမေရိကားကို ရောက်လာတဲ့အခါမှာ Citizen သူတို့ လျှောက်တဲ့ အခါမှာ အဲ့ဒီ့ပြသနာတွေ ပေါ်လာရော။ နာမည်လည်းတူတယ် မွေးသက္ကရာဇ် တူတယ် အဖေ နာမည်တူတယ်။ အဲ့တော့ လူက နှစ်ယောက်ရှိလာတယ်။ သုံးယောက်ဖြစ် လာတယ် အဲ့ဒီ့အချိန်မှာ အဲ့တော့ အမေရိကန်အစိုးရက ဘယ်လိုမှ ရှေ့ဆက်လို့ Green card တို့ Citizen တို့ ပေးလို့မရဘူး။ အဲ့တာကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ကနေ ၂၀၀၂ ကနေ စပြီးတော့ "Fraudulent case " လို့ ခေါ်တယ် အဲ့လို မလေးရှားမှာ နာမည်တူတာနဲ့နေတဲ့အမှု ကိုးထောင်လောက် သူတို့ တွေ့ရတယ်။ အဲ့ဒီ့ပြသနာကို ဒီနေ့ သူတို့ ပြန်ဖြေရှင်းပေးဖို့ ပြန်လုပ်တာနဲ့တူတယ်လို့ ကျနော်တို့ ယူဆတယ်။

ကိုကျော်အောင်လွင်။ ။ ဆိုတော့ ဘယ်သူဟာ ဒီနာမည်ရင်းနဲ့ ရောက်လာတဲ့သူ အစစ်အမှန်လည်း ဆိုတာကို လူဝင်မှုကြီးကြပ်ရေးဌာနက စစ်ချင်တဲ့သဘောပေါ့။

ဒေါက်တာ ရိုဒင်းဂါ။ ။ အဲ့ဒီ့သဘောဖြစ်မယ်လို့ ကျနော်တို့ ယူဆတယ်။ အခုထိတော့ အတိအကျ ပြောလို့မရသေးဘူး။

ကိုကျော်အောင်လွင်။ ။ ဒီလိုစစ်ဆေးမေးမြန်းမှုတွေကြောင့်မို့လို့ အရေးယူခံရတဲ့သူတွေ သတိပေးခံရတဲ့သူတွေ ရှိတယ်လို့ ကြားပြီလားခင်ဗျ။

ဒေါက်တာ ရိုဒင်းဂါ။ ။ မကြားရသေးဘူး။ အခုထိတော့။

ကိုကျော်အောင်လွင်။ ။ အခုကြားရတဲ့သတင်းအရ အခေါ်ခံရတဲ့သူတွေ စာရောက်လာတဲ့ သူတွေဟာ မလေးရှားက လာတဲ့သူတွေဆီကိုပဲ ရောက်လာတာလား။ အိန္ဒိယတို့ ထိုင်းတို့ဆီကသူတွေဆီကိုရော ရောက်လာတယ် ကြားပါလားခင်ဗျ။

ဒေါက်တာ ရိုဒင်းဂါ။ ။ စာရတဲ့သူတွေကတော့ မလေးရှားကလူတွေပဲ ဖြစ်ပါတယ်ခင်ဗျ။

ကိုကျော်အောင်လွင်။ ။ ဟုတ်ပြီ အဲ့တာဆို ခုနကပြောတာဖြစ်နိုင်တာပေါ့ ဒါဆိုရင် မလေးရှားက ပြသနာကို ပြန်စိစစ်တာပေါ့။

ဒေါက်တာ ရိုဒင်းဂါ။ ။ ဟုတ်ပါတယ်။ မလေးရှားမှာ အခု အဲ့ကိစ္စကြောင့် အမေရိကန် အစိုးရ ကနေ Warning ပေးတယ် မလေးရှား UNHCR ကို။ အဲ့တာကြောင့် လူလေးထောင်ကျော်လောက် အမေရိကန်ကို မဝင်နိုင်ပဲ ဖြစ်သွားတယ်။

ကိုကျော်အောင်လွင်။ ။ အော် ဒီပြသနာက မသေးဘူးပဲ။

ဒေါက်တာ ရိုဒင်းဂါ။ ။ မလေးရှားမှာ ရှုပ်ခဲ့တဲ့ အရှုပ်ထုပ်က ဒီမှာ လာပေါ်တဲ့သဘောပဲ။

ကိုကျော်အောင်လွင်။ ။ အဲ့တော့ စီးပွားရေးပုံစံနဲ့ လုပ်နေတာလား၊ အဖွဲ့အစည်း အုပ်စုတခုခုကနေ လုပ်နေတာလား။ တခြားနိုင်ငံသားတွေရောပါလား။ မြန်မာနိုင်ငံသားတွေပဲ ဖြစ်နေတာလား ဘယ်လိုပုံစံမျိူး ကြားလဲခင်ဗျ။

ဒေါက်တာ ရိုဒင်းဂါ။ ။ အစုံပါပဲ မလေးရှားမှာ မြန်မာပြည်သားတွေ သိန်းနဲ့ ချီ ဒုက္ခသည်အနေနဲ့ ရောက်တယ်။ UNHCR ကနေ ၂၀၁၀ ခုနှစ်အထိ အထူး အခွင့်အရေးပေးလိုက်တယ်။ ပေးလိုက်ပြီးတော့ ဒုက္ခသည်တွေ နေတာ များတဲ့ စခန်းတွေမှာ သူတို့ နာမည်စာရင်းသွားကောက်တယ်။ ဒုက္ခသည်အဖြစ် သတ်မှတ်မယ့် ဒုက္ခသည်တွေကို ။ အဲ့တာ နံပတ်တစ်ကတော့ UNHCR ဝန်ထမ်းတွေ ကိုယ်တိုင်က နမော်နမဲ့နဲ့ နာမည် ထပ်တာတွေ ပါလာတယ်။ နောက်တခါ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်က ရောင်းစားတာတွေရှိတယ်။ ကိုယ်ကတော့ မသွားတော့ဘူးပေါ့နော်။ ကိုယ့်ရဲ့ Identity UNနာမည်ရောင်းလိုက်တာတွေရှိတယ် ပိုက်ဆံနဲ့။ နောက်တခုက စခန်းသုံးလေးခုမှာ ဘယ်စခန်းက အရင်ရရ သွားမယ်ဆိုပြီးတော့ တယောက်တည်းကပဲ စခန်းတခုမှာ နာမည်ပြန်ပေး နောက်တခုမှာ ကိုယ့်ရဲ့ နာမည်တွေ စာရင်းပေး လုပ်လိုက်တာတွေလည်းရှိတယ်။

ကိုကျော်အောင်လွင်။ ။ အဲ့တော့ ရောက်လာတဲ့သူတွေက မြန်မာနိုင်ငံသားတွေ ချည်းပဲပေါ့ တခြားနိုင်ငံသားတွေတော့ မပါဘူးပေါ့။

ဒေါက်တာ ရိုဒင်းဂါ။ ။ ကျနော် မသိဘူး အဲ့တာတော့။ ကျနော်သိသလောက်ကတော့ ကျနော်တို့ဆီ လာပြီးတော့ ဒီစာရတယ် အကူညီပေးလို့ရမလား ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေပဲ ထိတာကိုး။ အမေရိကားမှာ ငါးနှစ်နေရင် Citizen လျှောက်လို့ရပြီကိုး။ ငါးနှစ်အထိတော့ ကိစ္စမရှိသေးဘူး။ Citizen သွားလျှောက်တဲ့အခါမှာ ပေါ်သွားရော နာမည်ကိစ္စမရှိသေးဘူး။ မွေးသက္ကရာဇ်တူတာ ကိစ္စမရှိသေးဘူး။ နည်းနည်းတော့ ဖြစ်လာပြီ နောက် အဖေနာမည်ရော အမေနာမည်ရော တူလာတော့ အခါကျတော့ အမေရိကားအစိုးရမှာ Central Data Systems မှာ ပေါ်သွားတာ။

ကိုကျော်အောင်လွင်။ ။ ခုနက ပြောခဲ့တဲ့အတိုင်းဆိုရင် မလေးရှားဘက်က လာမှာတွေ ရပ်သွားတယ်ဆိုတော့ ဒီလိုမျိုး လိမ်ပြီးတော့ေ လျာက်တဲ့ ဒီလိုလုပ်ငန်းမျိုးတွေကို လုပ်နေတာတွေရော ရပ်သွားသလားခင်ဗျ။ ဘယ်လိုကြားပါသလဲ။

ဒေါက်တာရိုဒင်းဂါ။ ။ အခုတော့ မလေးရှားမှာကိုယ်တိုင်က ၂၀၁၃ ကျော်ပြီးရင် Refugees ကို လက်မခံတော့ဘူး။ နာမည်လည်း မကောက်တော့ဘူး။

ကိုကျော်အောင်လွင်။ ။ ဆိုတော့ ဒီဇာတ်လမ်းလည်း မရှိတော့ဘူးပေါ့။

ဒေါက်တာရိုဒင်းဂါ။ ။ ဟုတ်တယ်။ ဒါပေမဲ့ ၂၀၁၃ မတိုင်ခင်မှာ လူသောင်းနဲ့ချီပြီး ဒါမှတ်ပုံတင်ပြီးသားဖြစ်တာကိုး။

ကိုကျော်အောင်လွင်။ ။ ဆိုတော့ အဲ့တာကို အခု မလေးရှားမှာ ဒီကိုလာဖို့အစီအစဉ် လုပ်ထားပြီးတော့ မလာဖြစ်ပဲ ကျန်နေတာ ဘယ်လောက်လောက် ရှိတယ်ကြားလဲ။

ဒေါက်တာရိုဒင်းဂါ။ ။ လေးထောင်ကနေ ခုနှစ်ထောင်လောက်အထိ ရှိတယ်လို့ ကြားတယ်။ ကျနော်တို့ ၂၀၁၆ တုန်းက သွားတယ်လေ။ ကျနော်ကိုယ်တိုင်လည်း သွားတယ် မလေးရှားကို အဲ့ဒီ့မှာ သူတို့ပြောပြတာ။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့ ဒေါက်တာရိုဒင်းဂါ ကျေးဇူးအများကြီးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG