သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလူသားချင်းစာနာမှု အပစ်ရပ် စတင်ပေမဲ့ တိုက်ပွဲတွေဆက်ဖြစ်


ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Ghouta ဒေသ တိုက်ပွဲဖြစ်ပွားနေစဉ်။
ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Ghouta ဒေသ တိုက်ပွဲဖြစ်ပွားနေစဉ်။

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Ghouta ဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ဆိုင်းငံ့မှုကို ရုရှားကစတင်လိုက်ပါပြီ။ ဒါပေမယ့် တိုက်ပွဲတွေ ထပ်ဖြစ်နေဆဲဖြစ်သလို အဲဒီဒေသကနေ အရပ်သားတွေ ထွက်ခွါတဲ့အရိပ်အယောင်မတွေ့ရေသေးပါဘူး ဒါ့အပြင်ကူညီကယ်ဆယ်ရေး တွေလည်း ပို့ဆောင်တာမရှိသေးပါဘူး။

ဆီးရီးယားမြို့တော် Damascus နားက တိုက်ပွဲတွေကနေ အရပ်သားတွေ ရှောင်တိမ်းနိုင်ဖို့အတွက် သူပုန်တွေ ထိမ်းချုပ်ထားတဲ့ ဒေသကို ရုရှားရဲ့ လေကြောင်း တိုက်ခိုက်နေမှုတွေ တနေ့ကို ၅ နာရီကြာ ရပ်ဆိုင်းပေးဖို့ ရုရှားသမ္မတ Vladimir Putin က အမိန့်ကထုတ်ပြန်ခဲ့ပြီး ပထမနေ့မှာပဲ အရပ်သား ၆ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad နဲ့ ရုရှားသမ္မတ Putin ရဲ့ ကြီးမားတဲ့ပုံကြီးတွေ တဖက်တချက် ချိတ်ထားတဲ့ ဆီးရီးယားအစိုးရ ရဲ့ စစ်ဆေးရေးဂိတ်တွေရှိရာ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ဒေသက ထွက်ခွါသွားတဲ့ အရပ်သားတယောက်မှ မရှိသေးပါဘူး။

လူသားချင်းစာနာမှုနဲ့ အပစ်အခတ်ရပ်စဲထားချိန်အတွင်း သူပုန်တွေက အစိုးရတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားနဲ့ SANA ဆီးရီးယားးအစိုးရသတင်းဌာန တွေက စွပ်စွဲခဲ့သလို ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း သူပုန်တွေဟာ တခြားစစ်မျက်နှာတွေ ကနေလည်း ထိုးစစ်တွေ ဆင်နေတယ်လို့ ပြောပါတယ်။

သူပုန်တွေက အရပ်သားတွေ တိုက်ပွဲဒေသက ထွက်မသွားအောင် တားဆီးထားတယ်လို့ ရုရှားက စွပ်စွဲပေမယ့် ဒါကို သူပုန်တွေက ငြင်းဆိုပါတယ်။

မြေပြင်အခြေအနေဟာ ဘယ်သူမှ သွားဖို့မသင့် သေးဘူးဆိုတာရှင်းနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

ရုရှားလူသားချင်းစာနာမှု အပစ်ရပ် စတင်ပေမဲ့ တိုက်ပွဲတွေဆက်ဖြစ်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG