သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ဆီ သူ့ကိုလှောင်ပြောင်တဲ့ ရုပ်ပြောင် ကာတွန်းဆရာပေးပို့


သမ္မတ Trump Twitter
သမ္မတ Trump Twitter

ပြင်သစ်ကာကွန်းဆရာ Francois Boucq က အမေရိကန်သမ္မတ Donald Trump ဆီကို မတ်လ တရက် ကြာသပတေးနေ့မှာ စာအုပ်တအုပ် လက်ဆောင်ပေးခဲ့ပါတယ်။ သမ္မတ Trump ရဲ့ တွစ်တာရေးသားချက်တွေပေါ် အခြေခံပြီး သရော်ထားတဲ့ကာတွန်း ပုံပေါင်း တရာပါတဲ့ စာအုပ်ပါ။

သမ္မတ Trump ရဲ့ ဆိုရှယ်မီဒီယာကနေ တွစ်တာရေးသားချက်ကို နှစ်သက်သူ နောက်လိုက် သန်း ၅၀ လောက်အထိ ကြည့်ရှုသူများခဲ့ ပါတယ်။ သူ့တွစ်တာရေးသားချက်တွေဟာ အောင်မြင်ကျော်ကြားခဲ့ပြီး သူ့ရဲ့မူဝါဒကို ဖြန့်ဝေနိုင်သလို သူ့ရဲ့ အတိုက်အခံတွေကိုလည်း တိုက်ခိုက်ဖို့ သုံးခဲ့ ပေမယ့် မကြာမကြာ သံတမန်ရေးရာ စိတ်ပျက်စရာဖြစ်စေခဲ့တာပါ။

Boucq နဲ့ တွဲဖက်ရေးသားသူ Vanessa Duhamel တို့ဟာ "Trump in 100 tweets" ထရန့်နဲ့ တွိ ၁၀၀ ဆိုတဲ့ စာအုပ်ကို ရေးခဲ့တာဖြစ်ပြီး သူတို့ဟာ သမ္မတ Trump ရဲ့ စီးပွါးရေး လုပ်ဆောင်မှုတွေ၊ သမ္မတရွေးကောက်ပွဲ မဲဆွယ်တာတွေနဲ့ တခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပေါက်ကွဲပြောဆိုမှုတွေကို ရေးချင်စိတ်ပေါ်လာခဲ့ကြပြီး ဒီစာအုပ်ကို ရေးဖြစ်ခဲ့ကြတာပါ။

သမ္မတဆီကို ဒီစာအုပ်မိတ္တူ မပို့ခင်မှာ Boucq က သမ္မတသာ မရှိရင် ဒီစာအုပ်ပေါ်လာမှာ မဟုတ်ကြောင်း ညွှန်းခဲ့တာပါ။ ဒါပေမယ့်လည်း သမ္မတ Trump ဘယ်လိုတုန့်ပြန်မယ် ဆိုတာကိုတော့ သူမသိကြောင်း ဝန်ခံခဲ့ပါတယ်။

Twitter လူမှုကွန်ယက်က ရေးသားချက်တွေကို တနေ့နေ့ သမ္မတ Trump က ဖျက်ပစ်မှာကို စိုးရိမ်ပြီး အခုလို စာအုပ်ရေးဖို့ စိတ်ကူးမိတာလို့လည်း စာအုပ် ပူးတွဲရေးသားတဲ့ Duhamel က ပြောပါတယ်။ Trump ရဲ့ တွစ်တာရေးသားချက် ၃၇၀၀၀ ထဲက အကောင်းဆုံး တရာကိုရွေးထားတာပါလို့ ပြောပါတယ်။

သမ္မတ Trump အပြင် ရုရှားသမ္မတ Vladimir Putin နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un အပါအဝင် တခြား ကမ္ဘာ့ခေါင်းဆောင် တွေရဲ့ ပုံတွေပါ စာအုပ်ထဲမှာ ပါနေပြီး သူတို့ကိုလည်း မိတ္တူတွေ ပို့ပေးမှာ ဖြစ်ကြောင်းလည်း Duhamel ကပြောပါတယ်။

မူရင်းပုံတွေကိုတော့ ပြင်သစ်နိုင်ငံ ပါရီက Huberty & Breyne ပြခန်းမှာ ပြသထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG