သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရေတပ်လေ့ကျင့်မှု မြန်မာပါဝင်မည်

အိန္ဒိယလေတပ် စစ်ရေးပြအခမ်းအနား၊ ဒီဇင်ဘာ ၄၊ ၂၀၁၇။
အိန္ဒိယလေတပ် စစ်ရေးပြအခမ်းအနား၊ ဒီဇင်ဘာ ၄၊ ၂၀၁၇။

အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီးလုပ်မယ့် ရေတပ်စစ်ရေးလေ့ကျင့်မှုတခုမှာ မြန်မာနိုင်ငံလည်း ပါဝင်မယ့်အကြောင်း အိန္ဒိယ ရေတပ်ပြောခွင့်ရ ကက်ပတိန် D K Sharma ကပြောတာကို The Times of India အွန်လိုင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

နိုင်ငံ ၁၆ နိုင်ငံထက်မနည်းပါဝင်ပြီး မတ်လ ၆ ရက်နေ့ကနေ ၈ ရက်ကြာကျင်းပမယ့် ဒီ ရေတပ် စစ်ရေးလေ့ကျင့်မှုကို Milan လို့ အမည်ပေးထားပါတယ်။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့နဲ့ အရေးကြီးတဲ့ ပင်လယ်ရေလမ်းကြောင်းတွေမှာ ဥပဒေမဲ့လုပ်ရပ်တွေကို တိုက်ဖျက် ဖို့ရည်ရွယ်ချက်နဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို လုပ်မှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ၂ နှစ်ကိုတကြိမ်လုပ်တဲ့ ဒီ ရေတပ် စစ်ရေးလေ့ကျင့်မှုကို Andaman နဲ့ Nicobar ကျွန်းတွေမှာ လုပ်မှာပါ။

အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ စစ်ဘက်တည်ဆောက်မှု ကြီးထွားလာနေချိန်မှာပဲ အခုစစ်ရေးလေ့ကျင့်မှုကို လုပ်ကြမှာဖြစ်ပြီး စစ်ရေးလေ့ကျင့်တဲ့ကာလအတွင်း ပါဝင်တဲ့နိုင်ငံတွေက ရေတပ်စစ်ဦးစီးချုပ်တွေကြား ဆွေးနွေးတဲ့အခါ တရုတ်ရဲ့ စစ်အင်အား တိုးချဲ့မှုကိစ္စ ပါလာဖွယ်ရှိတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာအပြင် တခြားပါဝင်မယ့်နိုင်ငံတွေကတော့ သြစတြေးလျ၊ မလေးရှား၊ မော်လ်ဒိုက်ဗ်၊ မောရစ်ရှပ်စ်၊ နယူးဇီလန်၊ အိုမန်၊ ဗီယက်နမ်၊ ထိုင်း၊ တန်ဇန်းနီးယား၊ သီရိလင်္ကာ၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ကင်ညာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ဖြစ်ကြပါတယ်။

အိန္ဒိယရေတပ်လေ့ကျင့်မှု မြန်မာပါဝင်မည်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG