သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ဆိုင်းထားတဲ့ ကန် တောင်ကိုးရီးယားစစ်ရေးလေ့ကျင့်မှု ပြန်လုပ်မည်


အမေရိကန်လေတပ်နဲ့ တောင်ကိုးရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု
အမေရိကန်လေတပ်နဲ့ တောင်ကိုးရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နောက်လမှာ စစ်ရေးလေ့ကျင့်မှုလုပ်မယ်ဆိုရင် တုန့်ပြန်မယ်လို့ မြောက်ကိုရီးယားက စနေနေ့ မှာ သတိပေးလိုက်ပါတယ်။ ဒီကိစ္စဟာ ကိုရီးယားနှစ်နိုင်ငံကြားဆက်ဆံရေး မကြာသေးခင်ကပဲ ပြေလည်လာတာကို ထိခိုက်စေ လိမ့်မယ်လို့လည်း ဆိုပါတယ်။

တောင်ကိုရီးယားက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပွဲကာလအတွင်း ရွှေ့ဆိုင်းထားတဲ့ စစ်ရေး လေ့ကျင့်မှုကို မတ်လကုန် ဒါမှမဟုတ် ဧပြီလဆန်းမှာ စလုပ်ဖို့ရှိပြီး ဒါဟာ ကိုရီးယားနှစ်နိုင်ငံကြား ပြေလည်စဆက်ဆံရေးကို စမ်းသပ်မယ့်ကိစ္စတခုဖြစ်လာမှာပါ။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီလဆန်းပိုင်းမှာလုပ်ဖို့ သတ်မှတ်ထားတယ်လို့ တောင်ကိုရီးယားသမ္မတရဲ့ လုံခြုံရေးဆိုင်ရာ အကြံ ပေးပုဂ္ဂိုလ်တဦးကို ကိုးကားပြီး တောင်ကိုရီးယားအခြေစိုက် Yonhap သတင်းဌာနက ပြောပါတယ်။

ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ DPRK လို့ တရားဝင်ခေါ်ဆိုတဲ့ မြောက်ကိုရီးယားဘက်ကတော့ ဒီစစ်ရေးလေ့ကျင့် မှုတွေကို ခြိမ်းခြောက်မှုတခုအဖြစ် ထပ်ခါတလဲလဲပြောထားတာပါ။

“DPRK အပေါ် ပိတ်ဆို့မှုတွေ ဆက်ချမှတ်ထားချိန်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန်က လုပ်လာမယ်ဆိုရင် DPRK အနေ နဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမေရိကန်ကို တုန့်ပြန်သွားမှာဖြစ်တယ်၊ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေအားလုံးကို အမေရိကန်က လုံးဝ တာဝန်ယူရမှာဖြစ်တယ်” လို့ မြောက်ကိုရီးယားအစိုးရအာဘော် KCNA သတင်းဌာနမှာ ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG