သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဥရောပကုန်သွယ်ရေး ကတောက်ကဆ


ဂျာမဏီမှ ပြည်ပတင်ပို့ကုန်သံမဏိ
ဂျာမဏီမှ ပြည်ပတင်ပို့ကုန်သံမဏိ

အမေရိကန်ပြည်ထောင်စုကို တင်ပို့လာတဲ့ သံမဏိနဲ့ အလူမီနီယမ် သွင်းကုန်တွေအပေါ် အခွန်တွေ တိုးမြင့်သတ်မှတ်မယ်ဆိုတဲ့ အစီအစဉ်ကို ဥရောပသမဂ္ဂဘက်က ဆန့်ကျင်ဆောင်ရွက်မှုတွေလုပ်မယ်ဆိုရင် ဥရောပထုတ်မော်တော်ကားတွေကို အခွန်ကောက်ခံမယ်လို့ သမ္မတ Donald Trump ကပြောဆိုလိုက်ပါတယ်။ သံမဏိနဲ့ အလူမီနီယမ် သွင်းကုန်တွေအပေါ် အခွန်တိုးမြင့်ကောက်ခံမယ်ဆိုတဲ့ သမ္မတ Trump ရဲ့ကြေငြာချက်ကို လက်တုန့်ပြန်ဆောင်ရွက်သွားမယ်လို့ ဥရောပသမဂ္ဂဘက်က ကတိပြုပြောဆိုထားတာပါ။

ဥရောပမှာရှိတဲ့ အမေရိကန်ကုမ္ပဏီတွေအပေါ်ချမှတ်ထားပြီးဖြစ်တဲ့ မြင့်မားတဲ့အခွန်အတုပ်တွေနဲ့ ကန့်သတ်ချက်တွေကို EU ဘက်က ထပ်ပြီးတိုးမြှင့်သတ်မှတ်ဖို့ ဆန္ဒရှိတယ်ဆိုရင် အမေရိကန်ုပြည်ထောင်စုထဲကို လွတ်လွတ်လပ်လပ် ဝင်ရောက်နေတဲ့ ဥရောပထုတ်ကားတွေကို အခွန်ကောက်ခံရလိမ့်မယ်လို့ သမ္မတ Trump ကတွစ်တာမှာ ရေးသားခဲ့တာပါ။

ဒါဟာ အမေရိကန်ထုတ်ကားတွေကို ဥရောပမှာ ရောင်းချလို့မဖြစ်နိုင်အောင် လုပ်တဲ့လုပ်ရပ်ဖြစ်ပြီး၊ ကုန်သွယ်ရေးဆိုင်ရာ ကြီးမားတဲ့ မမျှတမှုဖြစ်တယ်လို့လည်း သမ္မတ Trump ကပြောပါတယ်။ ဒါ့အပြင် အရင်အစိုးရလက်ထက်က သိပ်ကိုညံ့ဖျင်းတဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေကို ရယူခဲ့တယ်လို့ ရှုတ်ချပြောဆိုသလို အမေရိကန်ခေါင်းဆောင်တွေကို အခြားနိုင်ငံတွေက ပြက်ရယ်ပြုနေကြတယ်လို့လည်း Trump ကပြောဆိုသွားပါတယ်။

ကန် ဥရောပ ကုန်သွယ်ရေး ကတောက်ကဆ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG