သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Un နဲ့ဆွေးနွေးမှု တောင်ကိုရီးယားက အိမ်ဖြူတော်မှာ လာရှင်းပြ


ဝါရှင်တန်ကို ဆိုက်ရောက်လာတဲ့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-yong နဲ့ ကိုရီးယားထောက်လှမ်းရေးဌာန အကြီးအကဲ Suh Hoon
ဝါရှင်တန်ကို ဆိုက်ရောက်လာတဲ့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-yong နဲ့ ကိုရီးယားထောက်လှမ်းရေးဌာန အကြီးအကဲ Suh Hoon

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တေ့ွဆုံဆွေးနွေးခဲ့ကြတဲ့ တောင်ကိုရီးယား အထူးကိုယ်စားလှယ်တွေဟာ သူတို့ဆွေးနွေးခဲ့တဲ့ အကြောင်းတွေကို အိမ်ဖြူတော်မှာ အမေရိကန်တာဝန်ရှိသူတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-yong နဲ့ ကိုရီးယားထောက်လှမ်းရေးဌာန အကြီးအကဲ Suh Hoon တို့ဟာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး H.R. McMaster နဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို အိမ်ဖြူတော်မှာ တေ့ွဆုံရှင်းပြမယ်လို့ အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရက အစောပိုင်းက ပြောကြားခဲ့ပါတယ်။

ပြုံယမ်းမြို့တော်မှာ မြောက်ကိုရီးယားတာဝန်ရှိသူတွေနဲ့ ၂ ရက်ကြာ ဆွေးနွေးခဲ့တဲ့ တောင်ကိုရီးယားအထူးကိုယ်စားလှယ်တွေက မြောက်ကိုရီးယားအနေနဲ့ အမေရိကန်အစိုးရနဲ့ ဆွေးနွေးဖို့လိုလားတယ်လို့ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးကို အာမခံနိုင်မယ်ဆိုရင် Nuclear နဲ့ပဲ့ထိန်းဒုံးစမ်းသပ်မှုတွေကို ရပ်ဆိုင်ထားပြီး အမေရိကန်နဲ့တိုက်ရိုက် ဆွေးနွေးမယ်လို့ Kim Jong Un ကပြောကြားခဲ့ကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေးက ပြောပါတယ်။

ခုလိုမြောက်ကိုရီးယားဖက်က ကမ်းလှမ်းမှုကို သမ္မတ Donald Trump က သတိနဲ့အကောင်းမြင်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ကမ်းလှမ်းချက်နဲ့ပါတ်သက်လို့ လုံခြုံရေးအကြံပေး Chung Eui-yong ဟာ ဝါရှင်တန်မှာ အမေရိကန်တာဝန်ရှိသူတွေကို ရှင်းပြပြီးရင် တရုတ်နဲ့ ရုရှားကို သွားရောက်ရှင်းပြမှာဖြစ်ပါတယ်။ ထောက်လှမ်းရေးဌာန အကြီးအကဲ Suh Hoon ကတော့ ဂျပန်နိုင်ငံကို သွားပြီးရှင်းပြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG