သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယား ဒုံးကျည်စမ်းသပ်မှုရပ်ဆိုင်းမည့် ကတိ Trump ယုံကြည်


မြောက်ကိုးရီးယားအရေး သတင်းထောက်ရဲ့မေးမြန်းမှုကို သမ္မတTrump တုန့်ပြန်။ မတ် ၈၊ ၂၀၁၈။
မြောက်ကိုးရီးယားအရေး သတင်းထောက်ရဲ့မေးမြန်းမှုကို သမ္မတTrump တုန့်ပြန်။ မတ် ၈၊ ၂၀၁၈။

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်တာတွေကို ရပ်ဆိုင်းထားမယ်လို့ ကတိပြုပြောဆိုတဲ့အကြောင်း သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က စနေနေ့မှာပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un က တွေ့ဆုံဖို့ကမ်းလှမ်းတာကို လက်ခံအပြီး ရက်ပိုင်းအကြာမှာပဲ သမ္မတထရမ့်ပ်က အခုလိုပြောတာပါ။

“မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ကတည်းက ဒုံးကျည်စမ်းသပ်မှုတခုမှ မလုပ်သေးပါဘူး။ ကျနော်တို့ စည်းဝေးပွဲလုပ်တဲ့အထိ ထပ်စမ်းသပ်တာ မလုပ်ဘူးလို့လည်း ကတိပေးထားပါတယ်။ ဒီကတိကဝတ်ကို သူတို့ လိုက်နာလိမ့်မယ် လို့ ကျနော်ယုံကြည်ပါတယ်” ဆိုပြီး သမ္မတထရမ့်ပ်က Twitter လူူမှုဆက်သွယ်ရေးကွန်ယက်မှာ ရေးပါတယ်။

သမ္မတထရမ့်ပ်က Kim Jong-Un နဲ့ တွေ့မယ့်အစည်းအဝေးကို ပြောတာလား၊ တခြားအစည်းအဝေးတွေကို ပြောတာလားဆိုတာ ကတော့ ချက်ခြင်း ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

Kim Jong-Un ရဲ့ ဖိတ်ကြားချက်ကို သူလက်ခံခဲ့တဲ့ကိစ္စ တရုတ်နဲ့ ဂျပန်ခေါင်းဆောင်တွေနဲ့ သူစကားပြောခဲ့ပြီး ခေါင်းဆောင်နှစ်ဦး လုံးက လက်ခံကြတယ်လို့လည်း စနေနေ့အစောပိုင်းမှာ သမ္မတထရမ့်ပ်က ပြောပါတယ်။

သမ္မတထရမ့်ပ်နဲ့ Kim Jong-Un တို့ တွေ့မယ်ဆိုတာကို မြောက်ကိုရီးယားအရေး မပြတ် ထိတွေ့လုပ်ဆောင်ခဲ့ဖူးတဲ့ အမေရိကန် တာဝန်ရှိသူဟောင်းတွေနဲ့ လေ့လာသူတွေက အများအားဖြင့် ကြိုဆိုကြပါတယ်။ ဒါပေမဲ့လည်း ဒါဟာ တခါမှမဖြစ်ဖူးသေးတဲ့ သမိုင်းဝင် အခြေအနေကြီးဖြစ်တာကြောင့် အထူးသတိပြုချဉ်းကပ်ဖို့ သတိပေးကြသလို မေလမှာ တွေ့မယ်လို့ အချိန်အတိအကျ ပြောလိုက်တဲ့အပေါ် စိုးရိမ်သူတွေလည်းရှိပါတယ်။

မြောက်ကိုးရီးယား ဒုံးကျည်စမ်းသပ်မှုရပ်ဆိုင်းမည့် ကတိ Trump ယုံကြည်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG