သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း နည်းပါး


အမျိုးသမီးအခွင့်အရေးအတွက် စပိန်နိုင်ငံမှာ တောင်းဆိုဆန္ဒပြနေသူများ။ မတ် ၈၊ ၂၀၁၈။
အမျိုးသမီးအခွင့်အရေးအတွက် စပိန်နိုင်ငံမှာ တောင်းဆိုဆန္ဒပြနေသူများ။ မတ် ၈၊ ၂၀၁၈။

ကမ္ဘာတဝှမ်းက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးကြသလို အလုပ်ရကြတဲ့သူတွေမှာလည်း အမျိုးသားတွေထက် လုပ်ခလစာနည်းကြတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က ထုတ်ပြန်လိုက်တဲ့နှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြပါတယ်။အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျရောက်ချိန်မှာ ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း အမျိုးသမီးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ပတ်သက်လု့ိ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိလာတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကမ္ဘာတဝှမ်းလုံးအတိုင်းအတာနဲ့ဆိုရင် အမျိုးသား ၁၀ ဦးအလုပ်ရရင် အမျိုးသမီး ၆ ဦၤးသာအလုပ်အကိုင်ရကြတာကို ILO ကတွေ့ရှိခဲ့ပါတယ်။ ကျား၊မ တန်းတူ မညီမျှမှုတွေဟာ ချမ်းသာကြွယ်ဝတဲ့နေရာတွေမှာ အတွေ့ရနည်းပေမယ့် ဝင်ငွေအလယ်အလတ်ရှိတဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ကွာခြားမှု သိသိသာသာ များနေတာကိုလည်း တွေ့ခဲ့ရတာပါ။

အာရပ်တိုင်းပြည်တွေနဲ့ အာဖရိက မြောက်ပိုင်းက အမျိုးသမီးတွေရဲ့ အခြေအနေတွေ အတော်ဆိုးတာကို ILO ကတွေ့ခဲ့ရပါတယ်။ အဲဒီဒေသတွေက အမျိုးသမီးတွေရဲ့ အလုပ်လက်မဲ့နှုန်းက အမျိုးသားတွေထက် ၂ ဆပိုများပါတယ်။ တောင်အာရှနိုင်ငံတွေက ကျား၊ မတန်းတူညီမျှမှု အခြေအနေဟာလည်း အာရပ်နဲ့ အာဖရိက တိုင်းပြည်တွေနီးပါး ဆိုးဝါးမှုရှိနေတာကို ILO ကတွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေ အလုပ်ရဖို့ အဓိက အဟန့်အတားကတော့ အမြစ်တွယ်နေတဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှု အယူအဆကြောင့်ဖြစ်တယ်လို့ ILO ရဲ့ သုတေသနဌာန ညွှန်ကြားရေးမှုး Damian Grimshaw က VOA ကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG