သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူလျှိုဟောင်းကို အဆိပ်ခတ်တဲ့ ရုရှား ကန်ရှုတ်ချ


ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ထရမ့် တို့ တွေ့ဆုံခဲ့စဉ်။ (နိုဝင်ဘာ ၂၀၁၇)
ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ထရမ့် တို့ တွေ့ဆုံခဲ့စဉ်။ (နိုဝင်ဘာ ၂၀၁၇)

ဗြိတိန်နိုင်ငံမှာ ရုရှားသူလျှိုဟောင်းတဦးကို အာရုံကျောထိ ဓာတုအဆိပ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ဖြစ်ရပ်အပေါ် သမ္မတ ထရမ့်ပ်အစိုးရက ရုရှားကို ဝေဖန်ပြစ်တင် လိုက်သလို သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်နှောက်ခဲ့တယ် ဆိုတာအတွက် တိုက်ရိုက် အပြစ်တင်ပြီး ပထမဆုံးအကြိမ်အဖြစ် ဒဏ်ခတ်အရေးယူူမှုတွေ ချမှတ်လိုက်ပါတယ်။

ဗြိတိန်နိုင်ငံ၊ Salisbury မြို့မှာ ရုရှားသူလျှိုဟောင်း Sergei Skripal ကို အဆိပ်နဲ့ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ သတင်းထောက်တွေက သမ္မတထရမ့်ပ်ကို မေးတဲ့အခါ ဒီနောက်ကွယ်မှာ ရုရှားတွေပါတယ်ဆိုတာ သေချာ သလောက်ကိုရှိပါတယ်လို့ သမ္မတထရမ့်ပ်က ပြန်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရုရှားက စီစဉ်ခဲ့တယ်လို့ ဗြိတိန်ကပြောထားတာနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ ခေါင်းဆောင်တွေနဲ့အတူ သမ္မတထရမ့်ပ်ကလည်း ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်ပြီးတော့ ဗြိတိန်ရဲ့ ပြောဆိုချက်ကို ထောက်ခံထားပါတယ်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်နှောက်ခဲ့တာ၊ အမေရိကန် လျှပ်စစ်ဓာတ်အားလိုင်းအပါအဝင် တခြား ဆိုင်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တာအတွက် အဖွဲ့အစည်း ငါးခုနဲ့ လူပုဂ္ဂိုလ် ၁၉ ဦးတို့ကို အမည်မည်းစာရင်း သွင်းလိုက်တဲ့ အကြောင်း အမေရိကန်အစိုးရက ကြေညာအပြီး သိပ်မကြာခင်မှာပဲ ခေါင်းဆောင်လေးဦးရဲ့ ပူးတွဲထုတ်ပြန်ချက် ထွက်လာတာပါ။

သူလျှိုဟောင်းကို အဆိပ်ခတ်တဲ့ ရုရှား ကန်ရှုတ်ချ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG