သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလွှာစုံပါဝင်မယ့် ထိုင်းနိုင်ငံရေးပါတီသစ်


နိုင်ငံရေးပါတီသစ်ထောင်လိုက်တဲ့ ထိုင်းနိုင်ငံက ကုဋေကြွယ်သူဌေးကြီး Thanathorn Juangroongruangkit ( မတ် ၁၅-၂၀၁၈)
နိုင်ငံရေးပါတီသစ်ထောင်လိုက်တဲ့ ထိုင်းနိုင်ငံက ကုဋေကြွယ်သူဌေးကြီး Thanathorn Juangroongruangkit ( မတ် ၁၅-၂၀၁၈)

ထိုင်းနိုင်ငံက ကုဋေကြွယ်သူဌေးကြီးတဦးဖြစ်တဲ့ Thanathorn Juangroongruangkit က Future Forward ပါတီလို့ အဓိပ္ပါယ် ရတဲ့ Anakot Mai ဆိုတဲ့ နိုင်ငံရေးပါတီသစ် တခုကို ထူထောင်တဲ့အကြောင်း ကြာသပတေးနေ့က ကြေညာပါတယ်။

ထိုင်းနိုင်ငံမှာ မော်တော်ကား အပိုပစ္စည်းတွေထုတ်လုပ်တဲ့ Thai Summit ကုမ္ပဏီအုပ်စုကြီးရဲ့ ဒုတိယဥက္ကဌဖြစ်သူ Thanathorn က နောက်နှစ်မှာ အထွေထွေရွေးကောက်ပွဲတွေကျင်းပရင် သူ ဝင်ပြိုင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

မစ္စတာ Thanathorn နဲ့အတူ ပါတီဖွဲ့စည်းတာမှာပါဝင်တဲ့ တခြားအဖွဲ့ဝင် ၁၄ ဦးနဲ့အတူ ပါတီသစ်ဖွဲ့စည်းတဲ့အကြောင်း ဘန်ကောက်မြို့တော်မှာ ကြေညာတာပါ။ အဲဒီလူတွေထဲမှာ ဘန်ကောက် Thammasat တက္ကသိုလ်က ဥပဒေဘာသာရပ် ကထိက Piyabutr Saengkanokkul ၊ လိင်ပြောင်းထားသူ အမျိုးသမီးတဦး၊ မသန်စွမ်း တက်ကြွလှုပ်ရှားသူတဦးနဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင်တဦးတို့လည်း ပါဝင်ပါတယ်။

မစ္စတာ Thanathorn က ပါတီရန်ပုံငွေအတွက် သူ့ကိုယ်ပိုင်ငွေကို ထည့်ဝင် အသုံးပြုမှာမဟုတ်ဘဲ သူတို့ပါတီကို ထောက်ခံသူတွေ ဆီကနေ ရန်ပုံငွေကောက်ယူူ စုဆောင်းသွားမယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က ၂၀၁၄ ခုနှစ်ကတည်းက အာဏာသိမ်း အုပ်ချုပ်လာတာဖြစ်ပြီး ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီသစ် တွေမှတ်ပုံတင်ဖို့ မတ်လ ၂ ရက်နေ့ကစပြီး အစိုးရက ခွင့်ပြုထားတာပါ။ မှတ်ပုံတင်ကြတဲ့ နိုင်ငံရေးပါတီတွေထဲမှာ Future Forward ပါတီဟာ အခုချိန်ထိဆိုရင် ၅၈ ခုမြောက် နိုင်ငံရေးပါတီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG