သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ခေါင်းဆောင်ကို ဆော်ဒီမင်းသားက ဟစ်တလာနဲ့ ခိုင်းနှိုင်း


ဆော်ဒီအိမ်ရှေ့ မင်းသား Mohammed bi Salman

ဆော်ဒီအိမ်ရှေ့ မင်းသား Mohammed bi Salman က အီရန်ခေါင်းဆောင် ကို ဟစ်တလာနဲ့ခိုင်းနှိုင်းပြီး အီရန်အနေနဲ့ နျူကလီးယားဗုံး ထုတ်လုပ်မယ်ဆိုရင် ဆော်ဒီအာရေးဗျကလည်း အလျင်အမြန် နျူကလီးယားဗုံး ထုတ်လုပ်မယ်လို့ ဆိုပါတယ်၊၊

ဆော်ဒီရဲ့ နျူကလီးယားဗုံး ထုပ်လုပ်လိုတဲ့ဆန္ဒရှိတဲ့ အပေါ်မှာ အမေရိကန်လွှတ်တော် အတွင်းမှာ တော့ အမတ် တဦးစီက မိမိပါတီရဲ့ ရပ်တည်ချက်အတိုင်း ပြောဆိုခဲ့ကြပါတယ်၊၊

ဒီမိုကရက်တစ်လွှတ်တော်အမတ် Bill Nelson ကတော့အီရန်ရဲ့ နျူကလီးယား လက်နက်ထုတ်လုပ်မှုကို သဘောတူရင် ဒေသတွင်းနျူကလီးယား လက်နက်ပြန့်ပွါးမှုရှိ လာမယ်လို့ ပြောပါတယ်၊၊

ရီပတ်ဘလေကန်အမတ် David Perdue ကတော့ ကျွန်တော်တို့မှာ အီရန်အရေးကိစ္စကို သူများနဲ့ မတူအောင် ကိုင်တွယ် နိုင်တဲ့ သမ္မတ ရှိနေပြီး ဒါကိုလည်း ကမ္ဘာက သိပြီးသားပါ လို့ဆိုပါတယ်၊၊ လွှတ်တော် အနေနဲ့ အီရန်နိုင်ငံအပေါ်သူတို့ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ အတွက် စီးပွါးရေးပိတ်ဆို့မှုတွေထပ်ပြီး ချမှတ်နေတာလည်းအားလုံးသိတယ်လို့ ပြောပါတယ်၊၊ ဒါ့အပြင် တကမ္ဘာလုံးကလည်း မိမိတို့နဲ့ အတူရပ်တည်နေ ပါတယ်လို့ပြောပါတယ်၊၊

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG