သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လေကြောင်း တိုက်ခိုက်မှု အာဖဂန် IS ၃၀ ကျော်သေဆုံး


အာဖဂန်က အမေရိကန် F-16 တိုက်လေယာဉ် ညအချိန်စစ်ဆင်ရေးစတင်၊ သြဂုတ် ၂၂၊ ၂၀၁၇။
အာဖဂန်က အမေရိကန် F-16 တိုက်လေယာဉ် ညအချိန်စစ်ဆင်ရေးစတင်၊ သြဂုတ် ၂၂၊ ၂၀၁၇။

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာ အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း IS အစွန်းရောက် ၃၅ ယောက်ထိ သေဆုံးသွားပြီးတော့ တဒါဇင်ထက်မနည်း ဒဏ်ရာရသွားပါတယ်။

IS အဖွဲ့ရဲ့စခန်းတွေရှိတဲ့ Jowzjan ပြည်နယ်၊ Darzab နဲ့ Qishtepa ခရိုင်တွေမှာ အာရုဏ်တက်ချိန်မတိုင်ခင် လေကြောင်းကနေ တိုက်ခိုက်တာဖြစ်တယ်လို့ အာဖဂန် ဒေသဆိုင်ရာစစ်ဘက်ရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

သေဆုံးသူတွေထဲမှာ အာဖဂန်အိမ်နီးချင်း ဥဇဘက်ကစ္စတန်နိုင်ငံက နိုင်ငံသား ၇ ယောက်လည်းပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Qishtepa ခရိုင်မှာ အမေရိကန် အထူးတပ်ဖွဲ့က မြေပြင်စစ်ဆင်ရေးတခုလည်း လုပ်ခဲ့ပြီး အရေးပါတဲ့ Daesh တပ်မှူးတဦးကို သူ့ရဲ့လက်ထောက် အများအပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အာဖဂန်စစ်ဘက် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ Daesh ဆိုတာကတော့ IS တွေကို အာရပ်ဘာသာစကားနဲ့ ခေါ်ဆိုတာပါ။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အမေရိကန်စစ်ဘက်က မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။

IS ကိုလိုလားတဲ့ အုပ်စုတစုက အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ်ဒေသမှာ ဂျီဟတ်ဒ်ဝါဒီတွေကို စုစည်းဖို့ ရည်ရွယ်ပြီး ဆိုရှယ် မီဒီယာကနေ လှုံ့ဆော်စည်းရုံးမှုတခု စလုပ်ခဲ့ပြီးတဲ့ နောက်တရက်မှာပဲ အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်တာပါ။

ကန်လေကြောင်း တိုက်ခိုက်မှု အာဖဂန် IS ၃၀ ကျော်သေဆုံး
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG