သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖြုတ်ခံရတဲ့ FBI အကြီးအကဲ ရှင်းတမ်းလာတော့မည်


ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ FBI ညွှန်ကြားရေးမှုးဟောင်း James Comey
ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ FBI ညွှန်ကြားရေးမှုးဟောင်း James Comey

ရာထူးကဖယ်ရှားခံခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ညွှန်ကြားရေးမှုးဟောင်း James Comey က အမေရိကန်ပြည်သူတွေအနေနဲ့ ဘယ်သူဟာ ဂုဏ်ပြုထိုက်သူဖြစ်ပြီး ဘယ်သူကတော့ ဂုဏ်ပြုထိုက်သူမဟုတ်ဘူးဆိုတာ မကြာခင် ဆုံးဖြတ်နိုင်ကြပါလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ Mr Comey က "သမ္မတကြီးခင်ဗျာ၊ ကျနော်ပြောမယ့် အကြောင်းအရာတွေကို အမေရိကန်ပြည်သူပြည်သားတွေ မကြာခင်မှာပဲ ကြားရပါတော့မယ်။ ဘယ်သူဟာ လေးစား ဂုဏ်ပြုထိုက်သူဖြစ်သလဲဆိုတာ သူတို့ဘာသာ အကဲဖြတ်နိုင်ကြပါလိမ့်မယ်" ဆိုပြီး စနေနေ့က တွစ်တာမှာရေးသား လိုက်တာပါ။

Mr Comay ရေးသားထားတဲ့ “A Higher Loyalty” လေးနက်စွာ သစ္စာစောင့်သိခြင်းလို့ အဓိပါယ်ရတဲ့ စာအုပ်ကို ဧပြီလမှာ ထုတ်ဝေဖြန်ချိ ဖို့စီစဉ်ထားပါတယ်။ သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ဆက်နွယ်မှု ရှိနေနိုင်တာကို စုံစမ်းတဲ့အတွက်ဆိုပြီး ပြီးခဲ့တဲ့မေလမှာ Mr Comey ကို သမ္မတ Trump က ရာထူးက ဖယ်ရှားလိုက်တာပါ။ အဲဒီအချိန်မှာပဲ Mr. Comey ကလည်း အလုပ်က ထုတ်ပယ်မခံရခင် သမ္မတ Trump ရဲ့ မကြာခဏပြောဆိုဆွေးနွေးခဲ့တဲ့ ကိစ္စတွေမှာ စိတ်မသက်မသာဖြစ်ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။ FBI ရဲ့ ဒုအကြီးအကဲ Mr Andrew McCabe ကိုလည်း ပြီးခဲ့တဲ့သောကြာနေ့မှာပဲ ရှေ့နေချုပ် Jeff Sessions ကအလုပ်က ထုတ်ပယ်လိုက်ပါတယ်။ Comey နဲ့ McCabe တို့ကို ရိုးသားမှု မရှိသူတွေဆိုပြီး သမ္မတ Trump က အကြိမ်ကြိမ် စွပ်စွဲပြောဆိုလာတာဖြစ်ပါတယ်။

အဖြုတ်ခံရတဲ့ FBI အကြီးအကဲ ရှင်းတမ်းလာတော့မည်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG