သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး အမျိုးသမီးစွမ်းဆောင်ရည်ဆု ကန်သံရုံး ထုတ်ပြန်


Women of Change အမျိုးသမီးစွမ်းဆောင်ရည်ဆု
Women of Change အမျိုးသမီးစွမ်းဆောင်ရည်ဆု

အမေရိကန်သံရုံးက ပေးအပ်တဲ့ မြန်မာနိုင်ငံထဲ ပြုပြင်ပြောင်းလဲရေး အမျိုးသမီး စွမ်းဆောင်ရှင်ဆုကိုတိုင်းရင်းသား အမျိုးသမီးတစ်ဖွဲ့နဲ့ မသန်စွမ်း အရေးဆောင် ရွက်နေသူတစ်ဦး၊ နောက် ကျန်းမာရေးအဆင့်မြင့်တင်ရေး ဆောင်ရွက်နေသူ တစ်ဦး တို့ကို ပေးအပ်လိုက်ပါတယ်။

အမေရိကန်သံရုံးအနေနဲ့ မနှစ်ကစပြီး နှစ်စဉ်ပေးအပ်လာတဲ့ Women of Change ခေါ် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေကြသောအမျိုးသမီးများဆုကို ဒီနှစ်အတွက် ကရင်အမျိုးသမီးအဖွဲ့၊ မသန်စွမ်းအသင်းချုပ်က ဒေါ်အေးသဉ္ဇာမောင်နဲ့၊ ကျန်မာရေးနဲ့အားကစားဝန်ကြီးဌာနက ဒေါက်တာ သက်သက်မူတို့ကို ပေးအပ် လိုက်တယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီနှစ်မှာ ဆုရခဲ့တဲ့ အဖွဲ့ဝင် ၆၀၀၀ ကျော်ရှိတဲ့ ကရင်အမျိုးသမီးအဖွဲ့အနေနဲ့ကျား၊မ တန်တူညီမျှရေး၊ ဒေသခံတိုင်းရင်းသာအခွင့်အရေးနဲ့ အမျိုးသမီးထုအသံတွေ ပိုမိုအားကောင်းရေးတွေ ဆောင်ရွက်ပေးနေတာအပြင်၊ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှမ်းအကြမ်းဖက်မှုဆန့်ကျင်ရေး ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့တယ် လို့ဒီကြေညာချက်ထဲမှာ ချီးကြူးခဲ့ပါတယ်။

နောက် ဆုရသူ မသန်စွမ်းသူများအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်အေးသဉ္ဇာမောင်အနေနဲ့လည်း မသန်းစွမ်းသူများ ပါဝင်မှုမြင့်တင်ရေးနဲ့ အဆင့်မြင့်ပညာသင်ကြားနိုင်ရေးတွေမှာလဲ အစိုးရရဲ့ အပြောင်းအလဲတွေအတွက် ပူးပေါင်းဆောင်ရွက်နေတာနဲ့၊နောက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒုညွှန်ချုပ် ဒေါက်တာ သက်သက်မူ အနေနဲ့လူမူ၊ကျန်းမာရေး စစ်တမ်းကောက် ရာမှာမျှမျှတတဖြစ်အောင် ပဋိပက္ခသင့် ဒေသတွေကို အရဲစွန့်သွားရောက်ခဲ့တယ်လို့ ချီးကြူးခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း လူနေမှုဘဝနဲ့ လူ့အခွင့်အရေး ပိုမိုတိုးတက်လာရေးဆောင်ရွက်နေ သူတွေကို ကူညီအားပေးတဲ့အနေနဲ့ပြုပြင်ပြောင်းလဲရေး ထူးထူးခြားခြား ဆောင်ရွက်ပေးနေသူတွေကို ပေးတဲ့ ဒီဆုကိုပြည်သူ့ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေသူနဲ့ အဖွဲ့တွေကို ချီးမြှင့်ခဲ့ပြီးဖြစ်တယ်လို့ ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG